September 23, 2025

လေးကေကော်မြို့ကို ပြန်သိမ်းဖို့ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

လေးကေကော်၊ စက်တင်ဘာ ၂၃ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြန်သိမ်းယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားရာချီအသုံးပြုကာ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU သိမ်းယူထားတဲ့ လေးကေကော်မြို့သစ်ကို ပြန်သိမ်းယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် မေတ္တာလင်းမြိုင်ဘက်ကို တပ်အင်အားတွေ ပို့ဆောင်စုဖွဲ့ခဲ့ပြီး လေးကေကော်မြို့နဲ့…