ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေ ဘယ်လိုရှိနေသလဲ။
“လက်ရှိ စစ်ကော်မရှင်တို့ဘက်ကနေ အကျဉ်းသားတွေအားလုံးကို ညှဉ်းဆဲဖိနှိပ်နေတဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ကျန်းမာရေးအခွင့်အရေးတွေကို မပေးဘူး။ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ အခွင့်အရေးတွေကို ဖျက်ဆီးပစ်နေကြတာတွေ မြင်ပါတယ်” – မရောင်နီလင်း (PPNM ပြန်ကြားရေးတာဝန်ခံ) မကြာသေးမီ ရက်ပိုင်းအတွင်းက အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့…