September 7, 2025

ရွေးကောက်ပွဲကို မျှော်လင့်ချက်မထားဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်း

မော်လမြိုင် ၊ စက်တင်ဘာ ၇ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မထားဘဲ ဆက်လက်တော်လှန်ဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြည်သူလူထုတွေကို စက်တင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကျဉ်းထဲကြပ်ထဲရောက်နေချိန် နိုင်ငံရေးထွက် ပေါက်ရှာတဲ့ လုပ်ရပ်သက်သက်သာဖြစ်ပြီး ကျောင်းသားပြည်သူတွေအပေါ် စေတနာရှိရှိ စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမျိုး မဟုတ်ဘူးလို့…