မုန်းမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
မုန်း၊ စက်တင်ဘာ ၅ ပဲခူးတိုင်း မုန်းမြို့နယ် ငထွေစုတ်ကျေးရွာနဲ့ ရေလဲကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဂြောာင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ တိုက်ပွဲမရှိဘဲ ရေလဲကျေးရွာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ခြောက်လုံးထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။…