ဝါရှင်တန်၊ စက်တင်ဘာ ၄

နိုင်ငံတော်တရားရုံးမှာ အခွန်နဲ့ သက်ဆိုင်တဲ့ အမှု ရှုံးနိမ့်သွားခဲ့ရင် ဥရောပ သမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ တခြားနိုင်ငံတွေနဲ့ ရယူထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေကို ဖြေလျှော့ပေးရနိုင်ပြီး အမေရိကန် အနေနဲ့ အရမ်း ကြီးကြီးမားမား ထိခိုက်နစ်နာလိမ့်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က စက်တင်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။

ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေ အများကြီးဟာ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပေးရေး နိုင်ငံတော် တရားရုံးထံ မိမိတို့ တရားရုံးက တောင်းဆိုသွားမှာ ဖြစ်ကြောင်း ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ မိမိတို့ အစိုးရအနေနဲ့ အဲဒီ အမှုမှာ အနိုင်ရလိမ့်မယ်လို့ ထင်ကြောင်း သူက မှတ်ချက်ပေးပါတယ်။

ဥရောပသမဂ္ဂနဲ့ ရယူထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေအရ မိမိတို့ အနေနဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ ရရှိမှာ ဖြစ်ပြီး အားလုံး သဘောတူညီထားပြီးဖြစ်တာကြောင့် တရားရုံးအမှု ရှုံးရင် အဲဒီ သဘောတူညီမှုတွေကို ဖြေလျှော့ပေးရနိုင်တယ်လို့ ထရန့်က ပြောပါတယ်။

နိုင်ငံတော် တရားရုံးက ထရန့် ပြဌာန်းထားတဲ့ အခွန်တွေ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ သီးခြားစီ ညှိနှိုင်းထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ တရားမဝင် ဖြစ်သွားနိုင်တယ်လို့ ထရန့်က ကနဦး ပြောဆိုခဲ့တာပါ။

အခွန်အတုပ်တွေကို အမေရိကန်ရှိ ကုန်ပစ္စည်း တင်သွင်းသူတွေက ပေးဆောင်တာ ဖြစ်ပြီး ကုန်ပစ္စည်း တင်ပို့ရာ မူလနိုင်ငံတွေရှိ လုပ်ငန်းတွေက ပေးဆောင်ရတာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောထားပေမယ့် အခွန်တွေ ပယ်ဖျက်လိုက်မယ်ဆိုရင် အမေရိကန်အနေနဲ့ ပေးဆပ်ရမှု များလိမ့်မယ်လို့ ထရန့်က ဆိုတာပါ။

အခွန်အတုပ်တွေကြောင့် အမေရိကန်မှာ ငွေဖောင်းပွမှု မြင့်တက်လာလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

“ကျွန်တော်တို့ နိုင်ငံအနေနဲ့ တစ်ခါပြန်ပြီး မယုံနိုင်လောက်အောင် ချမ်းသာလာနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ မယုံနိုင်လောက်အောင်လည်း တစ်ခါပြန် ဆင်းရဲသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအမှုကို မနိုင်လို့ရှိရင် အရမ်းအရမ်း ကြီးကြီးမားမား ထိခိုက်နစ်နာရပါလိမ့်မယ်”လို့ ထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.