သီပေါ၊ စက်တင်ဘာ ၄

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မ တော် (TNLA) က ထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ သီပေါမြို့နယ် ဘော်ကြို‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံးဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘော်ကြိုကျေးရွာရှိ အသက် ၄၅ အရွယ် ဦးမောင်ဇော် ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေဖြင့် စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း သီပေါမြို့ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်မှာ စစ်ကော်မရှင်ရြ ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ပြည် သူလူထု ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.