September 4, 2025

စစ်အာဏာသိမ်း (၁၆၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ AAPP ရဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၇၇) ရက်အတွင်း ပြည်သူ (၇၁၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွေးကောက်ပွဲနီးလာချိန် မွန်ပြည်နယ်မှာ စစ်မှုထမ်းစုဆောင်းမှု ပိုမိုဆိုးရွားလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံတွေက မကြာမီပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်မှုထမ်းဖို့အတွက် တပ်သားသစ် စုဆောင်းမှုတွေ ပိုမို ဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လက်အောက်ခံတွေဟာ အခုစက်တင်ဘာလအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့ စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဆိုကာ လူငယ်တွေကို…

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အာဆီယံခေါင်းဆောင်တွေထံ အဖွဲ့အစည်း ၃၀၀ ကျော် တောင်းဆို

နေပြည်တော်၊ စက်တင်ဘာ ၅ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ခေါင်းဆောင်တွေထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က စက်တင်ဘာ ၃ ရက်နေ့မှာ စာတစ်စောင်ပေးပို့ပြီး အရေးတကြီးတောင်းဆိုလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်ကော်မရှင် စီစဉ်နေတဲ့အပေါ် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က…

ရေး-ထားဝယ်ကားလမ်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းတွေပုပ်ကုန်လို့ စွန့်ပစ်နေရ

ရေဖြူ၊ စက်တင်ဘာလ ၅ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ လမ်းပိတ်ထားတာ ၁၀ ရက် ရှိလာလို့ ကုန်စိမ်းတွေ ပုပ်ကုန်တဲ့အတွက် စွန့်ပစ်နေရတယ်လို့ ကုန်စိမ်းတင်ယာဉ်မောင်းတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့အထိဖြတ်သန်းသွားလာလို့ မရဘဲ အပိတ်ခံထားရပြီး တင်လာတဲ့ ကုန်တွေဟာ ရက်ကြာလာလို့ ပုပ်သိုးကုန်တာကြောင့် စွန့်ပစ် ရှင်းထုတ်နေရတယ်လို့…

မုဒုံမှာ ညပိုင်းစစ်ဆေးမှုပိုများလာ

မုဒုံ၊ စက်တင်ဘာလ ၅ မွန်ပြည်နယ် မုဒုံမြို့၊ ရွှေဟင်္သာဈေးအနီးမှာ စရဖသတင်းပေး တစ်ဦး ပစ်သတ်ခံရပြီးနောက် ညပိုင်းအချိန် စစ်ဆေးမှု ပိုများလာတယ်လို့ မြို့ခံတွေထံကသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းကစပြီး ညတိုင်း မုဒုံကန်ကြီးအရှေ့၊ မြို့ဝင်မြို့ထွက်နေရာတွေနဲ့ မြို့တွင်းလမ်းတွေမှာပါ စစ်ဆေးမှုတွေပြုလုပ်လာတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ အပြာဝတ်အဖွဲ့တွေဟာ ညအချိန်တွေမှာ ဆိုင်ကယ်တွေနဲ့ မော်တော်ယာဉ်တွေကို…

အခွန် အမှုရှုံးနိမ့်ရင် ကုန်သွယ်ရေး သဘောတူညီမှုတွေ ဖြေလျှော့ရဖွယ်ရှိတယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ ၄ နိုင်ငံတော်တရားရုံးမှာ အခွန်နဲ့ သက်ဆိုင်တဲ့ အမှု ရှုံးနိမ့်သွားခဲ့ရင် ဥရောပ သမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ တခြားနိုင်ငံတွေနဲ့ ရယူထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေကို ဖြေလျှော့ပေးရနိုင်ပြီး အမေရိကန် အနေနဲ့ အရမ်း ကြီးကြီးမားမား ထိခိုက်နစ်နာလိမ့်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က စက်တင်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ထရန့်ရဲ့…

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ မဆွေးနွေးရင် အင်အားသုံး အဆုံးသတ်ပစ်မယ်လို့ ပူတင်ခြိမ်းခြောက်

မော်စကို၊ စက်တင်ဘာ ၄ ယူကရိန်း စစ်ပွဲကို ညှိနှိုင်းမှုတွေကတဆင့် အဆုံးသတ်နိုင်မယ့် နည်းလမ်းကို ပိုသဘောကျပေမယ့် စစ်ပွဲ အဆုံးသတ်ရေး အင်အားသုံးရမယ့် နည်းလမ်း တစ်ခုတည်းရှိတော့တယ် ဆိုရင်လည်း အဲဒီနည်းလမ်းအတိုင်း အင်အားသုံးဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်သို့ ဂတ်စ်ပိုက်လိုင်း အသစ်သွယ်တန်းရေး သဘောတူညီမှု ရရှိခဲ့တဲ့…

ပြည်အကျဉ်းထောင်မှာ အပုပ်နံ့ထွက်နေတဲ့ရေကိုသာ သုံးစွဲနေရတာကြောင့် အကျဉ်းသားတွေ ရောဂါဖြစ်ပွားနေ

ပြည်၊ စက်တင်ဘာ ၄ ပဲခူးတိုင်း ပြည်အကျဉ်းထောင်ရှိ အကျဉ်းသားတွေဟာ အပုပ်နံ့ထွက်နေတဲ့ ရေကိုသာ သောက်သုံးနေရတာကြောင့် ရောဂါဖြစ်ပွားနေတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရပါတယ်။ အကျဉ်းထောင်မှာ သောက်သုံးရေအဖြစ် အသုံးပြုဖို့ ဆောက်လုပ်ထားတဲ့ ရေသန့်စက်ကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀ နှစ်ကျော်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး ရေသိုလှောင်ထားတဲ့နေရာ၊ စက်ပစ္စည်းတွေကို သန့်ရှင်းတာနဲ့ ရေလဲလှယ်တာတွေ မပြုလုပ်တာ ကြာမြင့်ပြီဖြစ်တာကြောင့်…

သီပေါမှာ စစ်ကော်မရှင် ထပ်မံဗုံးကြဲ

သီပေါ၊ စက်တင်ဘာ ၄ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မ တော် (TNLA) က ထုတ်ပြန်ထားပါတယ်။ မနေ့ စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ သီပေါမြို့နယ် ဘော်ကြို‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့်…