ဘန်ကောက်၊ စက်တင်ဘာ ၂

ဝန်ကြီးချုပ်အား ထုတ်ပယ်ရေး တရားရုံးက ညွှန်ကြားလိုက်ပြီးနောက် ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီက ဘယ်သူ့ကို ထောက်ခံရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ နယ်စပ် ပြဿနာအတွင်း ပေသွန်ထန် ရှင်နာဝါထရာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်ကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ့ကို ဝန်ကြီးချုပ် ရာထူးကနေ သြဂုတ် ၂၉ ရက်က ထုတ်ပယ်ခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကြောင့် ထိုင်းမှာ ယာယီ ဝန်ကြီးချုပ် တစ်ယောက်တည်းပဲ ရှိတော့ပြီး လူနည်းစုအဖွဲ့တွေက အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ထောက်ခံမှု ရရှိဖို့ အသည်းအသန် ကြိုးပမ်းနေချိန်မှာ အိမ်စောင့်အစိုးရအဖွဲ့ပဲ ရှိပါတော့တယ်။

နယ်စပ် ပြဿနာ ဖြစ်ပွားပြီးနောက် ညွှန့်ပေါင်း အစိုးရအဖွဲ့က နုတ်ထွက်သွားတဲ့ ရှေးရိုးစွဲဘွမ်ဂျိုင်ထိုင်း ပါတီနဲ့ ပေသွန်ထန်ရဲ့ ဖျူထိုင်းပါတီ နှစ်ခုစလုံးဟာ လွှတ်တော် အမတ်နေရာ ၁၄၃ နေရာ ရရှိထားတဲ့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရရှိဖို့ အားကိုးနေရပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူက ပါရစ် ဝါချာဆင်ဒူက မိမိတို့ ဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်မလာဘဲ နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြည်သူ့ပါတီက လေးလအတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေး လွှတ်တော်ကို ဖျက်သိမ်းဖို့ ထောက်ခံသွားမယ်လို့ ပြောထားတာကြောင့် ထိုင်းမှာ နိုင်ငံရေး လှိုင်းလေထန်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ နိုင်ပါတယ်။

ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် နှစ်စုကြာ ကြီးစိုးထားတဲ့ ရှင်နာဝါထရာ မိသားစုရဲ့ အမွေခံဖြစ်သူ ပေသွန်ထန် အရင်က ဝန်ကြီးချုပ်ကို တရားရုံးက ထုတ်ပယ်လိုက်ပြီးနောက် သူ့ကို သြဂုတ်လက တာဝန်က ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၂၃ နောက်ဆုံး အထွေထွေရွေးကောက်ပွဲကျင်းပချိန် ဝန်ကြီးချုပ် ရာထူး အတွက် အမည်စာရင်း တင်သွင်းထားသူတွေလောက်ပဲ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ထားတာကြောင့် ဝန်ကြီးချုပ်နေရာအတွက် တာဝန်ယူခွင့်ရှိသူ အရေအတွက် လျှော့နည်းနေပါတယ်။

ဖျူထိုင်း ပါတီမှာ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ပဲ ကျန်ရှိတော့ပြီး အစိုးရ ရှေ့နေဟောင်း ချိုင်ကာဆန် နီတိသီရိ ဖြစ်ပါတယ်။

ဘွန်ဂျိုင်ထိုင်း ပါတီကတော့ သူတို့ရဲ့ ခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်ကို အမည်စာရင်းတင်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

Move Forward ပါတီနေရာကို ဆက်ခံခဲ့တဲ့ ပြည်သူ့ပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး ရရှိခဲ့ပြီး လွှတ်တော် ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.