August 25, 2025

ကျိုက်ထိုမှာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတော် သုံးပါး ပျံလွန်တော်မူ

ကျိုက်ထို၊ ဩဂုတ် ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်း လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် သံဃာတော် သုံးပါး ပျံလွန်တော်မူပြီး လေးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ သြဂုတ် ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဟာ ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ ပေါင် ၅၀၀ တစ်လုံး လာရောက်ကြဲချသွားတာပါ။…