ကျုံဒိုး-နဘူးလမ်းပိုင်းနဲ့ အာရှလမ်းမှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေ
ကော့ကရိတ်၊ သြဂုတ် ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးနဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဩဂုတ် ၂၀ ရက်နေ့က ကော့ကရိတ်မြို့ အာရှလမ်းမကြီးအနီး တတန်ကူးကျေးရွာဘက်မှာ စစ်ရေးလှုပ်ရှားလာနေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က…