နယူးဒေလီ၊ သြဂုတ် ၁၈
သြဂုတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းသူတွေ နယူးဒေလီသို့ သွားရောက်မယ့် အစီအစဉ် ပျက်ပြယ်သွားပြီလို့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
အဆိုပြုထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ကြန့်ကြာနေပြီး သြဂုတ် ၂၇ ရက်က စတင်မယ့် အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ ထပ်တိုး အခွန်တွေ သက်သာစေဖို့ မျှော်လင့်ချက်တွေလည်း မှေးမှိန်သွားပြီ ဖြစ်ပါတယ်။
အဆိုပြုထားတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ လက်ရှိ ဆွေးနွေးမယ့် ရက်ကိုပြောင်းရွှေ့ သတ်မှတ် နိုင်ပေမယ့် ဘာမှမဆုံးဖြတ်ရသေးဘူးလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ကုန်သွယ်ရေးနဲ့ အခွန်ကိစ္စ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ နယူးဒေလီရှိ အမေရိကန်သံရုံးကလည်း အဲဒီထက်ပိုပြီး မသိထားဘူးလို့ ဆိုပါတယ်။
နယူးဒေလီက ရုရှား ရေနံတွေကို ဆက်လက် ဝယ်ယူနေတာကြောင့် အိန္ဒိယကုန်စည်တွေအပေါ် ထပ်တိုးအခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အခုလ စောစောပိုင်းက ကြေညာခဲ့ပါတယ်။
သြဂုတ် ၂၇ ရက် စတင် အသက်ဝင်မယ့် အမေရိကန်ရဲ့ ထပ်တိုး အခွန်တွေကြောင့် အိန္ဒိယရဲ့ အမေရိကန်သို့ ပို့တဲ့ ကုန်စည်တွေအတွက် အခွန်စုစုပေါင်း ၅၀ရာခိုင်နှုန်းအထိ ပေးဆောင်ရ နိုင်ပါတယ်။
အမေရိကန်နဲ့ ဥရောပဟာ ရုရှား ကုန်ပစ္စည်းတွေကို ဆက်လက် ဝယ်ယူနေပေမယ့် ရုရှားရေနံတွေကို မိမိတို့ ဝယ်ယူနေမှု အတွက် မမျှမတ ပြုမူခံနေရတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။
နယူးဒေလီနဲ့ ဝါရှင်တန်ကြား ငါးကြိမ် ညှိနှိုင်းခဲ့ပြီးနောက်မှာ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်ပြယ် သွားခဲ့ပြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာနေပါတယ်။
Ref:Reuters