နေပြည်တော်၊ သြဂုတ် ၁၈
လာမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင်ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာလာပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပပြုသွားမှာ ဖြစ်ပြီး ဆက်လက်ကျင်းပပြုလုပ်မယ့် အပိုင်းအလိုက်နေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အမည်ပြောင်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အခုနှစ်ကုန်မှာ ကျင်းပသွားမယ်လို့ ပြောဆိုထားပြီး အခုအခါမှာတော့ ရွေးကောက်ပွဲ ကျင်းပမယ့် နေရက်ကို အတည်ပြုကြေညာခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ရတဲ့နည်းတွေနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကြေညာထားပြီး ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI