မိုးကုတ်၊ ဩဂုတ် ၁၈
မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး ထပ်မံသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
မနေ့ ဩဂုတ် ၁၇ ရက် မနက် ၉ နာရီအချိန်ခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်း မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး သုံးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ် အဆောက်အအုံ လေးလုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည် မိုးကုတ်မြို့အရှေ့ပိုင်းအား စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလအတွင်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်နှစ်ပါးအပါအဝင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA