ပုလော၊ ဩဂုတ် ၁၉

တနင်္သာရီတိုင်း ပုလောမြို့နယ် အင်ဖုံးကျေးရွာအုပ်စုရှိ တစ်မိုင်တောင်စခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါ တယ်။

အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာလမ်း ကြောင်း ပိတ်ဆို့ထားမှုဒဏ်ကို မခံနိုင်တာကြောင့် သြဂုတ် ၁၇ ရက်နေ့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားတာပါ။

အဲဒီတစ်မိုင်တောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေက တစ်လကျော်ကြာ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ထားခဲ့တာပါ။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တစ်မိုင်တောင်စခန်းကို နယ်မြေရှင်း လင်းမှုတွေ လုပ်ဆောင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်မိုင်တောင်စခန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်က တစ်မိုင်းတောင်အနီး ဘုရားကုန်းအပေါ်မှာ စတင်တပ်စွဲခဲ့တာ ဖြစ်ပြီး ပုလောအခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရဲ့ အခြေချစခန်းတစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.