August 12, 2025

စစ်အာဏာသိမ်း (၁၆၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၃ AAPP ရဲ့ သြဂုတ် ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၅၄) ရက်အတွင်း ပြည်သူ (၇၀၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မြန်မာပြည်တွင်းစစ်မှာ စစ်တပ်ရဲ့ လူလှိုင်းအဖြစ် လူငယ်တွေ အဓမ္မအသုံးချခံနေရ

နေပြည်တော် ၊ ဩဂုတ် ၁၃ အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ မြေပြင်တိုက်ခိုက်‌ရေးအတွက် တပ်သားအင်အားလိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ စစ်တပ်ရဲ့ လူလှိုင်းအဖြစ် အဓမ္မ အသုံးချခံနေရပါတယ်။ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကနေ ၁၆ အထိ နည်းပေါင်းစုံနဲ့ စုဆောင်းခံထားရတဲ့ သောင်းနဲ့ချီ လူငယ်တွေဟာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်နဲ့အတူ ခုခံစစ်တွေမှာ လူသားဒိုင်းသဖွယ်…

မော်လမြိုင်မြို့မှာ စစ်ကော်မရှင်က စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေး ပြန်ဆင်း

မော်လမြိုင် ၊ ဩဂုတ် ၁၃ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းကြီး ငါးကြောင်းနဲ့ စည်းရုံးရေး ဟောပြောပွဲတွေ ပြန်လည်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး ငါးကြောင်းလို့ အမည်ပေးထားတဲ့ ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့တွေဟာ အခုလအတွင်း မော်လမြိုင်မြို့ရဲ့ ရပ်ကွက်တချို့မှာ စည်းရုံးရေး ဟောပြောပွဲတွေ ပြန်လုပ်လာတာ…

တနင်္သာရီမှာ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံး

တမုတ်ချုံး၊ ဩဂုတ် ၁၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ တပ်အင်အား ၇၀ ဝန်းကျင်နဲ့ တမုတ်ချုံးကျေးရွာမှာ ခြေကုပ်ယူပြီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဩဂုတ် ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေ စဖွဲ့

မော်လမြိုင်၊ သြဂုတ် ၁၃ မွန်ပြည်နယ် အာဏာသိမ်း စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို သြဂုတ် ဒုတိယအပတ်အတွင်း အပြီးဖွဲ့စည်းဖို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင်အမည်စာရင်းတွေ တခါတည်း ပေးပို့ဖို့ စစ်ကော်မရှင်ဘက်က ညွှန်ကြားထားတာပါ။ စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ…

ထိုင်ဝမ်နဲ့ ပတ်သက်လို့ စစ်ပွဲ ဖြစ်လာရင် ဖိလစ်ပိုင်လည်း ဝင်ပါရလိမ့်မယ်လို့ သမ္မတ မားကို့စ် ပြော

မနီလာ၊ သြဂုတ် ၁၃ ဖိလစ်ပိုင် အလုပ်သမား တော်တော်များများရှိတဲ့ ထိုင်ဝမ်နဲ့ မိမိတို့ နိုင်ငံရဲ့ တည်နေရာ နီးစပ်မှုကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်လို့ စစ်ပွဲဖြစ်လာရင် မိမိတို့နိုင်ငံလည်း ဝင်ပါရမှာ သေချာနေတယ်လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ပြောလိုက်ပါတယ်။ အဲဒီလို ပြောဆိုမှုတွေကို တရုတ်က အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပေမယ့် သူ့ရဲ့ ပြောဆိုမှုကြောင့် နှစ်နိုင်ငံကြား…

ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ယူကရိန်း နယ်မြေတွေ ပြန်ရရှိရေး တောင်းဆိုပေးမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ သြဂုတ် ၁၂ သြဂုတ် ၁၅ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံချိန် ယူကရိန်း နယ်မြေ တချို့ ပြန်လည် ရရှိရေး တောင်းဆိုပေးသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ရုရှားက ယူကရိန်း နယ်မြေ အများအပြားကို သိမ်းထားပါတယ်။ သူတို့က အဓိကနေရာတွေကို သိမ်းယူထားပါတယ်။ ယူကရိန်းအတွက် နယ်မြေ…

ပွင့်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ သေဆုံး

မကွေး ဩဂုတ် ၁၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်းက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအနီးမှာ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနဲ့ စစ်ကော်မရှင် စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ “ဖြစ်ဖြစ်ချင်းတော့…

တော်လှန်ရေး အောင်မြင်ဖို့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG ပြော

မော်လမြိုင်၊ ဩဂုတ် ၁၂ စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေး တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့ လက်တစ် ကမ်းအကွာမှာ ရောက်ရှိနေပြီလို့ အမျိုးသားညီညွှတ်အစိုးရ NUG က ကရင်အာဇာနည်နေ့ အခမ်း အနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။ ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားသို့…

ဇာတ်သိမ်းတော့မယ့် စစ်အုပ်စု မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဌ ပြော

ဘားအံ၊ သြဂုတ် ၁၂ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်တွန်းလှန်မှုတွေကြောင့် စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့် အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုဟာ မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဌက ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့မှာ ပြောလိုက်ပါတယ်။ နိုင်ငံ့အာဏာ အဓမ္မလုယူမှုကြောင့် စစ်အုပ်စုကို တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊ ပြည်သူလူထုတွေ၊ လူငယ်တွေဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့…