July 2025

သေဒဏ်အထိချမှတ်မယ့် ရွေကောက်ပွဲဥပဒေ စစ်ကောင်စီပြဌာန်း

နေပြည်တော် ၊ ဇူလိုင် ၃၁ စစ်ကောင်စီ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ပါက သေ ဒဏ်ချမှတ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ အတည်ပြုပြဌာန်းလိုက်ပါတယ်။ အခန်း ၈ ခန်း ပုဒ်မ ၃၂ ခုပါဝင်တဲ့ အဲဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ…

လောင်းလုံးတိုက်ပွဲမှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး

လောင်းလုံး၊ ဇူလိုင် ၃၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ပန်းတင်အင်းကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အချိန် ၅ နာရီနီးပါးကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း…

ရေးမြို့နယ်က စစ်ကောင်စီ ကာကင်းစခန်းနှစ်ခု ဝင်တိုက်ခံရ

ရေး၊ ဇူလိုင် ၃၁ မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာနဲ့ ကျောင်းရွာကျေးရွာရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျောင်းရွာကျေးရွာက ကာကင်းစခန်းကို ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းနဲ့ ကွမ်ကျိုက်ကျေးရွာက ကာကင်းစခန်းကို ဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းတို့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက…

ရေကြီးနေတဲ့ လှိုင်းဘွဲစစ်တပ်ဘေးမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

လှိုင်းဘွဲ ဇူလိုင် ၃၀ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ စစ်တပ်ဝင်းအနီးမှာ ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက် ကြွေမွဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၂၉ ရက် ည ၆ နာရီအချိန်ခန့်က ရေဘေးသင့် အမျိုးသားတစ်ဦးဟာ လှိုင်းဘွဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်…

NUG ယာယီသမ္မတနဲ့ ဝန်ကြီးတွေ ထိန်းချုပ်နယ်မြေတွေ သွားရောက်

မော်လမြိုင်၊ ဇူလိုင် ၃၀ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတချို့ဟာ ထိန်းချုပ်နယ်မြေတွေ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်ဟာ NUG ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေအပါအဝင် တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်လို့…

ညောင်ဦးတိုက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ရဲဘော်နှစ်ဦး ကျဆုံး

မန္တလေး ဇူလိုင် ၃၀ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦး ကျဆုံးတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA) ရဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၂၈ ရက်မှာ ညောင်ဦးမြို့နယ် ဂန့်ဂါရွာက ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်​းကိုခုခံရင်း ရဲဘော် အသေးလေး(ခ)နေတိုးအောင်နဲ့ ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မိမိတို့၏ ရပ်တည်ချက်၊…

အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

မော်လမြိုင်၊ ဇူလိုင် ၃၀ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ လေးနှစ်ခွဲကျော်ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းအန္တရာယ် ပိုမိုကြီးထွားလာပြီး ပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့ မိသားစု စားဝတ်နေရေးအပေါ် သက်ရောက်မှု ကြီးမားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းအန္တရာယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တကျော့ပြန် ကြီးထွားလာခဲ့တာ ဖြစ်ပြီး…

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရလိမ့်မယ်လို့ အစ္စရေးကို ဗြိတိန် သတိပေး

လန်ဒန်၊ ဇူလိုင် ၃၀ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးရွားတဲ့ အခြေအနေ အဆုံးသတ်ရေး ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်ဆောင်ဘူးဆိုရင် ဗြိတိန်က ပါလက်စတိုင်းကို စက်တင်ဘာလအတွင်း နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ဝန်ကြီးချုပ် ကီယာ စတာမာက ပြောကြား လိုက်ပါတယ်။ နှစ်ပြည်ထောင် ဖြေရှင်းချက် ဆောင်ကျဉ်းပေးမယ့် ရေရှည် ထိရောက်တဲ့ ငြိမ်းချမ်းရေးအတွက် ကတိပေးတာ၊ အပစ်အခတ်ရပ်စဲရေး သဘောတူတာနဲ့…

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခအရေး မလေးရှားကို ကူညီဖို့ အသင့်ရှိတယ်လို့ အင်ဒိုနီးရှား ပြော

ဂျကာတာ၊ ဇူလိုင် ၃၀ သမ္မတ ပရာဘိုဝိုနဲ့ ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်တို့ ဇူလိုင် ၂၉ရက်က တွေ့ဆုံပြီးနောက် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ အရှိန်လျှော့ချရေး တွန်းအားပေးဖို့ မလေးရှားနဲ့ တက်တက်ကြွကြွ ဆက်သွယ်နေတယ်လို့ အင်ဒိုနီးရှား သမ္မတနန်းတော်က ပြောလိုက်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါက ကြားဝင် ညှိနှိုင်းပေးခဲ့ပြီးနောက်…

ရုရှား ကမ်းလွန်က ငလျင်ကြီးကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ပြီး ဂျပန်နဲ့အမေရိကန်မှာ လူအများ ဘေးလွတ်ရာ ပြောင်း

ခမ်ချက်ကာ၊ ဇူလိုင် ၃၀ ရုရှား အရှေ့ဖက်စွန်း ကမ်ချက်ကာကျွန်းဆွယ်အလွန်မှာ မဂ္ဂနီကျု ၈ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာ တဝန်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ပြီး ဂျပန်၊ ဟာဝိုင်ယီနဲ့ အမေရိကန် အနောက်ဖက် ကမ်းရိုးတန်းဒေသ တချို့မှာ ဘေးကင်းရာသို့ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဂျပန်မြောက်ပိုင်း ဟော်ကိုင်းဒိုးကျွန်းမှာ ၁၂…