မော်လမြိုင်၊ ဇူလိုင် ၃၁

မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီရဲ့ တပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရာမညမွန်တပ်တော် RMA က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၂ တပ်ရင်းက တပ်သားတွေ ဖြစ်ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ရာမညမွန်တပ်တော်ထံ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးကို ရာမညမွန်တပ်တော်က တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

အဲဒီတပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် ခိုင်းစေခဲ့ရတဲ့သူတွေ ဖြစ်ပြီး သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာမညမွန်တပ်တော်ထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

ရာမညမွန်တပ်တော်ကို စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် MNLA-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပူးပေါင်းဖွဲ့စည်းထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP-AD/RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.