ရန်ကုန်၊ ဇူလိုင် ၁၉

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခဲ့တာပါ။

ဒါပေမယ့် ဒီကနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။

၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတော့ စစ်ကောင်စီဘက်က ဖိတ်ကြားထားတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တချို့လည်း တက်ရောက်လာတာ တွေ့ရပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း သူတို့ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း “တပြည်လုံး လွတ်မြောက်ရေးဆီ အာဇာနည်စိတ်ဖြင့် ဆက်၍ချီ”ဆိုတဲ့ ဆောင်ပုဒ်နဲ့ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီး ဂါရဝသဝဏ်လွှာလည်း ပေးပို့ခဲ့ပါတယ်။

၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနေ့မှာ ဗြိတိသျှ၊အမေရိကန်နဲ့ သြစတြေးလျသံရုံးတို့ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.