ဝေါ်လ်ဂါ၊ ဇူလိုင် ၁၉

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး အစ္စရေးက စစ်ရေးအရ ကြီးကြီးမားမား တုံ့ပြန် တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံရှိ ဒရူဇီ လူမျိုးတို့ရဲ့ နှလုံးသဲပွတ်နေရာမှာ တိုက်ပွဲအသစ်တွေ ဖြစ်ပွားနေပေမယ့် ဆီးရီးယား အစိုးရနဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့ အမေရိကန်က ဇူလိုင် ၁၉ ရက် မှာ ပြောကြားလိုက်ပါတယ်။

ဒရူဇီနဲ့ ဘီဒိုအင်လူမျိုးတွေကြား ဇူလိုင် ၁၃ ရက်ကတည်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၆၃၈ ဦး သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောထားပါတယ်။

ဒီလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဆီးရီးယား ယာယီခေါင်းဆောင် အာမက် အယ်ရှာရာရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အစ္စရေးက စစ်ဌာနချုပ်ကို တိုက်ခိုက်တာအပါအဝင် မြို့တော် ဒမတ်စကတ်ရဲ့ နှလုံးသဲပွတ်နေရာကို ကြီးကြီးမားမား တိုက်ခိုက်မှုတွေ လုပ်ပြီး ဇူလိုင် ၁၆ ရက်က ကြားဝင်ခဲ့တာပါ။

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် တွမ် ဘားရက်က အမေရိကန် ညှိနှိုင်းပေးတဲ့ အပစ်ရပ် သဘောတူညီမှုကို ဆီးရီးယား ခေါင်းဆောင်နဲ့ အစ္စရေးဝန်ကြီးချုပ်ဆို့ သဘောတူညီခဲ့ကြတယ်လို့ အရှေ့အလယ်ပိုင်းမှာ ဇူလိုင် ၁၉ ရက်က ပြောပါတယ်။

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဘားရက်က အိမ်နီးချင်း ဂျော်ဒန်အပါအဝင် ဆီးရီးယား ခေါင်းဆောင်ရဲ့ အဓိက ထောက်ခံသူ ဖြစ်တဲ့ တူရကီကလည်း အဲဒီ သဘောတူညီမှုကို ထောက်ခံတယ်လို့ ပြေထားတာပါ။

ဒရူဇီလူမျိုးတွေရော၊ ဘီဒိုအင်လူမျိုးတွေနဲ့ ဆွန်နီ ဘာသာဝင်တို့ အားလုံး လက်နက်ချကြဖို့နဲ့ တခြား လူနည်းစုဝင်တွေနဲ့ အတူ ငြိမ်းချမ်းသာယာဝပြောတဲ့ ဆီးရီးယား နိုင်ငံသစ်ကို တည်ဆောင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.