MSDF တပ်တွင်းပြဿနာဖြေရှင်းဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ စုံကော်ဖွဲ့
မော်လမြိုင် ၊ ဇူလိုင် ၂၀ မွန်ပြည်ကာကွယ်ရေးတပ် MSDF အတွင်း ဖြစ်ပွားနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ စုံစမ်းညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MSFC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကို အမှုမှန်ပေါ်ပေါက်စေရေးနဲ့ ပြန်လည်သင့်မြတ်စေရေး ရည်ရွယ်ချက်နဲ့ စုံစမ်းညှိနှိုင်းရေးကော်မတီကို…