နေပြည်တော် ဇူလိုင် ၁၇

ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်ငါးဦး လက်နက်နဲ့တကွ အလင်းဝင်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လက်နက်နဲ့အလင်းဝင်လာတဲ့ PDF ရဲဘော်ငါးဦးကို မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုလက်ခံခဲ့ပြီး ဆုကြေးငွေတွေလည်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ PDF ရဲဘော်ငါးဦးကိုတော့ စစ်ကောင်စီ တာဝန်ရှိသူတွေက ဝန်ခံကတိလက် မှတ်ရေးထိုးစေပြီး သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ PDF ရဲဘော် ငါးဦးဟာ ဘယ်တော်လှန်ရေးတပ်ဖွဲ့က ဖြစ်တယ်ဆိုတာကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကောင်စီဟာ လာမယ့် အထွေထွေရွေးကေက်ပွဲအတွက် PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကို ရွေးကောက်ပွဲလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် PDF နဲ့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် အယုံအကြည် မရှိသလို စိတ်မဝင်စားဘူးလို့ တုံ့ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.