July 17, 2025

စစ်အာဏာသိမ်း (၁၆၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၈ AAPP ရဲ့ ဇူလိုင်၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၈) ရက်အတွင်း ပြည်သူ (၆၉၇၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လက်လွှတ်နယ်မြေတချို့ ပြန်ရမှုအပေါ် စစ်ကောင်စီ အောင်မြေချဲ့ထွင်နိုင်

နောင်ချို ၊ ဇူလိုင် ၁၈ စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို မြေပြင်နဲ့ ဝေဟင်ပေါင်းစပ်အားတွေနဲ့ တိုက် စစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်နိုင်မှုအပေါ် ဆက်စပ်နယ်မြေတွေကိုလည်း အောင်မြေချဲ့ထွင် အမြတ်ထုတ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်‌ကောင်စီက စစ်ရေးနိုင်ငံရေးအရ အရေးကြီးတဲ့ ဒေသတွေကို ဦးတည်ပြီး အင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေကို အသုံးပြုကာ လက်လွှတ်နယ်မြေတွေကို…

မွန်ပြည်နယ်မှာ PDF ရဲဘော်တွေ အလင်းဝင်တာမရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေတုံ့ပြန်

မော်လမြိုင် ၊ ဇူလိုင် ၁၈ မွန်ပြည်နယ်မှာ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်ငါးဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ လက်နက်ချ အလင်းဝင်လာတဲ့ PDF ရဲဘော် ငါးဦးကို ဇူလိုင် ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။…

ဘီးလင်းမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်သူများပြားလာ

ဘီးလင်း၊ ဇူလိုင် ၁၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်သူ များပြားလာပြီး အင်အားရာနဲ့ချီ တိုးမြှင့်လာတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ အင်အားလိုအပ်ချက် ရှိနေတဲ့ စစ်ကောင်စီဟာ ဒေသတွင်းက အလုပ်လက်မဲ့သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို စည်းရုံးပြီး ပြည်သူ့စစ်အဖွဲ့တွေထဲ ထည့်သွင်းနေတာပါ။ ဒေသတွင်းက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကိုတော့ စစ်တပ်…

ဘုရင့်နန်းတော် အသရေဖျက်မှုနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ရုံးတင် စစ်ဆေး

ဘန်ကောက်၊ ဇူလိုင် ၁၇ နိုင်ငံရေး သြဇာအာဏာ လျော့ကျလာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ့အပေါ် စွဲတင်ထားတဲ့ ဘုရင့်နန်းတော် အသရေဖျက်မှုအတွက် ဇူလိုင် ၁၆ ရက်က တရားရုံးမှာ သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ တံခါးပိတ်ပြုလုပ်ခဲ့တဲ့ အမှုကြားနားမှုအတွင်း ပြစ်မှု ထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သက်ဆင်အနေနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့…

တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး လုံခြုံရေး စိန်ခေါ်မှု ဖြစ်လာပြီလို့ ဂျပန် ပြော

တိုကျို၊ ဇူလိုင် ၁၇ အရှေ့အာရှမှာ ရန်သူဖြစ်လာနိုင်တဲ့ သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ပြုလုပ်နေကြတာကြောင့် ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်း ထန်ဆုံး လုံခြုံရေးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ လက်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး အစီအစဉ်တကျ ရှိမှုဟာ ပြင်းပြင်းထန်ထန် စိန်ခေါ်ခံနေရပြီး ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး…

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ

သာယာဝတီ၊ ဇူလိုင် ၁၇ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခံရပြီးနောက် လက်ရှိအချိန်ထိ တိုက်ပိတ်ထားခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ သာယာဝတီထောင်ရှိ အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်နေတဲ့ အခြားအကျဉ်းသားတစ်ဦးနဲ့ ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ထောင်ဝန်းထမ်း စိုးမင်းက ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းမှာ…

PDF ရဲဘော်ငါးဦး အလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

နေပြည်တော် ဇူလိုင် ၁၇ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်ငါးဦး လက်နက်နဲ့တကွ အလင်းဝင်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ လက်နက်နဲ့အလင်းဝင်လာတဲ့ PDF ရဲဘော်ငါးဦးကို မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုလက်ခံခဲ့ပြီး ဆုကြေးငွေတွေလည်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အလင်းဝင်လာတဲ့ PDF…

ရေဖြူတိုက်ပွဲမှာ စစ်တပ်ဗိုလ်မှူးတစ်ဦး သေဆုံး၊ လေးဦးအရှင်ဖမ်းမိ

ရေဖြူ၊ ဇူလိုင် ၁၇ ထိုင်း – မြန်မာနယ်စပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦးအပါအ ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင်…