မော်လမြိုင်၊ ဇူလိုင် ၁၆
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေရဲ့ လမ်းပန်ဆက်သွယ်ရေး အချက်ချာဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်(သံလွင်တံတား) တံတားပိတ်ချိန်ကို ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
စစ်ကောင်စီဟာ အရင်က အဲဒီတံတားကို မနက် ၅ နာရီကနေ ညနေ ၉ နာရီအထိ ဖွင့်လှစ်ခဲ့ပေမယ့် ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး မနက် ၆ နာရီကနေ ည ၈ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်တာပါ။

တံတားပိတ်ချိန် တိုးမြှင့်မှုကြောင့် ခရီးသွားတွေအပါအဝင် ကုန်ပစ္စည်း တင်ပို့ရောင်းချသူတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
တံတားပိတ်ချိန် တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် စစ်ကောင်စီဘက်က ပြည်သူလူထုထံ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

တံတားပိတ်ချိန် တိုးမြှင့်မှုဟာ လုံခြုံရေးကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိနေသလို အဲဒီတံတားအပေါ်မှာလည်း စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်တိုးချဲ့ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media