မကွေး ဇူလိုင် ၁၆

မကွေးတိုင်း ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကောင်စီနဲ့ပျူစောထီးတွေက ဝင်ရောက်ပြီး ဒေသခံ စစ်ရှောင်ပြည်သူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက စေတုတ္တရာမြို့နယ် ခဲပစ်ကျေးရွာကိုဝင်ရောက်ပြီး စစ်ရှောင်ပြည်သူ ၉ ဦးကိုဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဘယ်ကနေ ဝင်လာမှန်းကို မသိလိုက်ဘူး။ ​ဖမ်းဆီးထားတဲ့သူတွေကို သူတို့ ဆင်လူးပျူရွာဘက်ကို ခေါ်သွားတယ်။ သေနတ်တွေနဲ့ ရမ်းပစ်လို့ထိခိုက်တာတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ညောင်ကုန်းရွာ၊ ကျောက်ပုံရွာ၊ ခဲပစ်ရွာတွေကဖြစ်ပြီး အမျိုးသမီး တစ်ဦးပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခဲပစ်ကျေးရွာကို ဝင်ရောက်​ မွှေနှောက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ်တစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ခဲပစ်ကျေးရွာဘက်ကို ဝင်လာတဲ့ စစ်ကြောင်းဟာ စလင်းမြို့နယ် ကံပြားရွာဘက်က လာတာဖြစ်ပြီး ဆင်လူးရွာက ပျူစောထီးတွေအပါအဝင် အင်အား ၁၅၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.