မကွေး ဇူလိုင် ၁၅
မကွေးတိုင်း သရက်မြို့နယ်မှာ စစ်မှုထမ်း ပေါ်တာဆွဲခံရသူ တစ်ဦးရှေ့တန်းကနေ အလင်းဝင်ရောက်လာတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သရက်မြို့နယ်မှာ ပေါ်တာဆွဲခံရပြီး မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်က နတ်ရေကန် ရှေ့တန်းစခန်းကိုရောက်လာတဲ့ အသက် ၂၄ နှစ်အရွယ် ကိုမောင်(အမည်လွှဲ)က ရှေ့တန်း ကင်းကျချိန် လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာအလင်းဝင်ရောက်လာတာပါ။

“လူထုအနေနဲ့ စကစက သူတို့ အာဏာတည်ရေးအတွက် ဒီစစ်မှုထမ်းဆိုတဲ့ ဥပဒေကို အသုံးချပြီး လူထုကို အတင်းအကြပ် စစ်မှုထမ်း အသေခံခိုင်းနေတာ ဖြစ်တယ်။ ဒါကို ပေါ့ပေါ့ဆဆ မတွေးဘဲ ရှောင်လွှဲနိုင်ဖို့နဲ့ လက်ရှိ တော်လှန်ရေးကို မျက်ခြေမပြတ်ဖို့ လိုတယ်” လို့ သရက်ခရိုင်တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ပေါ်တာဆွဲခံရသူတွေဟာ အခွင့်သာတာနဲ့ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ကြမှာဖြစ်တယ်လို့ ကိုမြတ်က ဆက်ပြောပါတယ်။
သရက်ခရိုင် တပ်ရင်း ၄ ထံ ခိုလှုံလာတဲ့ ကိုမောင်ဟာ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ဖမ်းဆီးခံရသူဖြစ်ပြီး သင်တန်းကာလမှာရောရှေ့တန်းမှာပါ ထွက်ပြေးသူတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။
သရက်ခရိုင် တပ်ရင်း ၄ ထံ ခိုလှုံလာတဲ့ စစ်မှုထမ်း အရေအတွက်ဟာ ၃ ယောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာသူတွေကို အကောင်းဆုံး ချိတ်ဆက်ခေါ်ယူနေတယ်လို့ သရက်ခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင်အမှတ် ၄ တပ်ရင်း
င်တိုင်းမ်ကို ပြောပါတယ်။
သရက်မြို့နယ်မှာ ပေါ်တာဆွဲခံရပြီး မကွေးနဲ့ရခိုင်ပြည်နယ်အစပ်က နတ်ရေကန် ရှေ့တန်းစခန်းကိုရောက်လာတဲ့ အသက် ၂၄ နှစ်အရွယ် ကိုမောင်(အမည်လွှဲ)က ရှေ့တန်း ကင်းကျချိန် လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာအလင်းဝင်ရောက်လာတာပါ။