July 14, 2025

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လွတ်လပ်ခွင့် အကြီးမားဆုံး ခြိမ်းခြောက်ခံနေရတယ်လို့ ပြင်သစ် သမ္မတ ပြော

ပါရီ၊ ဇူလိုင် ၁၄ ဥရောပရဲ့ လွတ်လပ်ခွင့်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြင်သစ်သမ္မတ အမ်မန်နူရယ် မက်ကရွမ်က ပြောကြားပြီး ကာကွယ်ရေး အသုံးစရိတ် ကြီးကြီးမားမား တိုးမြှင့်မယ့် အစီအစဉ်တွေကို ချပြလိုက်ပါတယ်။ ပါရီမြို့မှာ စစ်တပ်ကို မိန့်ခွန်းပြောကြားရာမှာ သူက ပထဝီနိုင်ငံရေး အရှုပ်အထွေးကြောင့် မိမိတို့ဟာ အရေးကြီးတဲ့အချိန် အခိုက်အတန့် တစ်ခုမှာ နေနေရတယ်လို့…

နောက်ထပ် မတိုက်ခိုက်ဖို့ အာမခံရင် အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှု ပြန်စမယ်လို့ အီရန် ပြော

တီဟီရန် ဇူလိုင် ၁၄ မိမိတို့ကို ထပ်ပြီး မတိုက်ခိုက်တော့ပါဘူးဆိုတဲ့ အာမခံချက် ရှိရင် အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စတင်သွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အမြဲ ဆန္ဒရှိသလို နောင်လည်း ဆွေးနွေးဖို့ အသင့်ရှိနေမှာ ဖြစ်ပေမယ့် စစ်ပွဲဆီကို ဦးတည် မသွားစေမယ့် အာမခံချက်မျိုးတစ်ခု…

ဆိပ်ဖြူမှာ စစ်ကောင်စီ စစ်ကြောင်း မီးရှို့လို့ အိမ်ခြေ ၃၀ ဝန်းကျင် ပျက်စီး

မကွေး ဇူလိုင် ၁၄ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀ ဝန်းကျင် မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စိန်ပန်းကုန်းရွာကို မီးရှို့ ဖျက်ဆီးသွားတာဖြစ်ပြီး ဒေသခံ ၁ ဦးလည်း လက်နက်ကြီး ထိမှန်သေဆုံးတယ်လို့…

ကျောက်မဲနဲ့ မိုးကုတ်မြို့ ထပ်မံ ဗုံးကြဲခံရ

ကျောက်မဲ၊ ဇူလိုင် ၁၄ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျောက်မဲမြို့ရှိ ပိန္ဒဲကုန်းကျေးရွာ၊ အမက ၁၃ စာသင်ကျောင်းနဲ့ မိုးကုတ်မြို့ရှိ ပန်းမထိပ်အနီးကို စစ်ကောင်စီတပ်က…