ဂျကာတာ၊ ဇူလိုင် ၁၀
ပထဝီနိုင်ငံရေး တင်းမာမှု အရှိန်မြင့်တက်လာနေချိန်မှာ ဒေသဆိုင်ရာတည်ငြိမ်မှု ထိန်းသိမ်းရေး အာဆီယံရဲ့ ဗဟိုချက်မနေရာက ပါဝင်ဆောင်ရွက်မှုကို ထိန်းသိမ်းဖို့နဲ့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု ပိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုက တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့ ပြဿနာ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ ကွာလာလမ်ပူမြိုက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဝန်ကြီး ဆူဂျီအိုနိုက အခုလိုမျိုး ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန် ပေးပို့ရေးလည်း သူက တိုက်တွန်း ပြောဆိုပါတယ်။
အဲဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ရှည်ကြာနေတဲ့ မြန်မာ့ ပြဿနာ ဖြေရှင်းရေး မူဘောင်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း ဝန်ကြီးတွေက ထပ်မံ ပြောကြားခဲ့ကြပါတယ်။

လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတို့နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေသတ်မှတ်ရေး အခြေအနေ တိုးတက်အောင်ဆောင်ရွက်ဖို့လည်း ဝန်ကြီး ဆူဂျီအိုနိုက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
Ref: Bernama