June 27, 2025

ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေး အဓမ္မကောက်ခံနေ

မကွေး ဇွန် ၂၇ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေးကောက်ခံနေပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သူတွေ ချေးငှား​ ထည့်ဝင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကတဆင့် ကျေးရွာတွေမှာ အဓမ္မ ကောက်ခံနေတာဖြစ်ပြီး မဖြစ်မနေပေးရမယ်လို့ ဆိုတာကြောင့် ချေးငှားပေးနေရတယ်လို့ သိရပါတယ်။ “မရှိတဲ့လူတွေလည်း မရဘူး။ ဒီကောင်က…

အစ္စရေး ထောက်လှမ်းရေးနဲ့ဆက်စပ်တယ်လို့ သံသယရှိသူတွေကို အီရန် ဖမ်းဆီး ကွပ်မျက်

တီဟီရန်၊ ဇွန် ၂၇ မကြာသေးခင်က နှစ်နိုင်ငံကြား စစ်ဖြစ်ခဲ့ပြီးနောက် အီရန်အရာရှိတွေက အစ္စရေး ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူ အများအပြားကို ဖမ်းဆီးပြီး ကွပ်မျက်မှုတွေ ပြုလုပ်နေပါတယ်။ အီရန် လုံခြုံရေးဌာနတွေထဲကို အစ္စရေး မကြုံစဖူး ထိုးဖောက်ဝင်ရောက်နေတယ်လို့ အီရန် အရာရှိတွေက ပြောကြားပြီးနောက် အခုလိုမျိုး လူအများကို ဖမ်းဆီးပြီး ကွပ်မျက်နေတာ ဖြစ်ပါတယ်။ စစ်ပွဲအတွင်း အီရန်…

အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးက ယူကရိန်း ဆက်လက် တိုက်ပွဲဝင်နိုင်ရေး ကတိပြုထား

ဘရပ်ဆဲလ်၊ ဇွန် ၂၇ ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ယူကရိန်းက ဆက်လက် တိုက်ခိုက်နိုင်ရေး အမေရိကန်အပါအဝင် နေတိုးအဖွဲ့ တစ်ဖွဲ့လုံးက လုံးဝ ကတိပြုထားကြောင်း မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီက ဇွန် ၂၅ ရက် ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောပါတယ်။ သည်ဟေ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ နေတိုးခေါင်းဆောင်များ ညီလာခံအပြီး ပြောကြားရာမှာ အတွင်းရေးမှူးချုပ်…

မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ အိုးဘိုထောင်မှာ ကွယ်လွန်

မန္တလေး၊ ဇွန် ၂၇ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ အိုးဘိုအကျဉ်းထောင်မှာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အသက် ၆၉ နှစ်အရွယ် လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဒီကနေ့ ဇွန် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ…

မိမိအပေါ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သစ္စာဖောက်မှုကို ဖွင့်ချမယ်လို့ ဟွန်ဆန် ခြိမ်းခြောက်

ဖနွမ်းပင်၊ ဇွန် ၂၇ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ မိမိကို သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ ထိုင်း နန်းတော်အပေါ် သစ္စာဖောက်မှုအပါအဝင် သူ့ရဲ့ သစ္စာဖောက်တဲ့ လုပ်ရပ်တွေကို ဖွင့်ချမယ်လို့ သတိပေးလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ တချိန်က သူ့ရဲ့ ခေါင်းကိုင်မိဘတွေရဲ့သားနဲ့ သူ့ရဲ့ ညီအစ်ကို တော်သူလို့ ညွှန်ဆိုခဲ့ဖူးတဲ့ သက်ဆင်ကိုပြောင်ပြောင်တင်းတင်း…

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးမှာ စစ်သုံ့ပန်း ၂၂ ဦး ဖမ်းဆီးရမိ

ကျောက်ကြီး၊ ဇွန် ၂၇ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။ ကျောက်ကြီးမြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အမှတ် ၂ စစ်ဒေသခွဲ (JOC) ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF…