လောင်းလုံး၊ ဇွန် ၂၆

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇွန် ၂၅ ရက်နေ့မှာ ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပြီးနောက် ဒေသခံတွေ နေအိမ်ပြန်ချိန် ဝင်ရောက်မွှေနှောက်သွားတာတွေ တွေ့ရှိခဲ့ရတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကညုံကျွန်းကျေးရွာက နေအိမ်အားလုံးနီးပါး ဝင်ရောက်မွှေနှောက်ခံထားရပြီး တန်းဖိုရှိပစ္စည်းအများစု ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ ကညုံကျွန်းကျေးရွာကနေ ထွက်သွားပြီးနောက် ဆိုင်ကယ်၊ စားသောက် ကုန်၊ တန်ဖိုးရှိ အဝတ်အထည်၊ အိမ်သုံးပစ္စည်းတွေ ပျောက်ဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာထဲက နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့သိရပြီး စစ်ဘေးရှောင်နေရတဲ့ ရွာခံအနည်းငယ်လောက်သာ ကျေးရွာထဲမှာ ပြန်လည်နေထိုင်ကြရသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ ကညုံကျွန်းကျေးရွာထဲကို လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့ ဒေသခံတွေ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.