ရေး၊ ဇွန် ၂၅

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ၊ ရာမညမွန်တပ်တော်ကနေ ဖွင့်လှစ်တဲ့ အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ဇွန် ၂၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ တော်လှန်‌ရေးခေါင်းဆောင်တွေ မွန်သံဃာတော်တွေ မျိုးချစ်တွေ အရပ်သားပြည်သူတွေ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ AD နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌနဲ့ ရာမညတပ်တော်ရဲ့ စစ်ဦးစီးချုပ်တို့ သင်တန်းဆင်းတပ်သားတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေကို ဆုချီးမြှင့်ပေးအပ်ခဲ့သလို သင်တန်းဆင်းတပ်သားတွေကို သစ္စာအဓိဌာန်ပြုကာ တာဝန်ရှိသူတွေက လက်နက်တပ်ဆပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ မွန်ဘာသာနဲ့ ဖော်ပြပါတယ်။

သင်တန်းဆင်း တပ်သားအရေးအတွက်ကိုတော့ မဖော်ပြထားပေမယ့် အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲရဲ့ မှတ်တမ်းဓာတ်ပုံအရ အယောက် ၆၀ ဝန်းကျင်လောက် ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီသင်တန်းဆင်းပွဲဟာ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း ကျင်းပခဲ့တာပါ။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ မွန်လက်နက်ကိုင်တပ်နှစ်တပ်ကို ရာမညမွန်တပ်တော် RMA အဖြစ် မေမေ၄ ရက်နေ့မှာ ပေါင်းစည်းလိုက်တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP-AD/RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.