June 25, 2025

စစ်အာဏာသိမ်း (၁၆၀၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၂၆ AAPP ရဲ့ ဇွန်၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၀၆) ရက်အတွင်း ပြည်သူ (၆၈၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တရုတ်ထုတ် မိုက်ခရိုကင်းထောက်ဒရုန်းတွေ စစ်ကောင်စီစတင်အသုံးပြု

နေပြည်တော် ၊ ဇွန် ၂၆ စစ်ကောင်စီတပ်ရဲ့ ဒရုန်းကိုင်တွယ်အသုံးပြုမှုသင်တန်းတွေမှာ စစ်ဘက်သုံး မိုက်ခရိုကင်းထောက်ဒရုန်းတွေ လေ့ကျင့်အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ဇွန် ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနည်းပညာ ထိရောက်မှုကို တုံ့ပြန်နိုင်ဖို့ စစ်ကောင်စီက ရမည်းသင်းအခြေစိုက် အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဒရုန်းကိုင်တွယ်အသုံးပြုမှု သင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီး…

မွန်ပြည်နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ လိုင်စင်မဲ့ယာဉ်ပိုစီးလာ

မော်လမြိုင် ၊ ဇွန် ၂၆ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့ကာလအတွင်း စစ်တပ်၊ရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲအပါအ ဝင် စစ်ကောင်စီဝန်ထမ်းတွေကအစ လိုင်စင်မဲ့ယာဉ်တွေ ပိုမိုစီးနင်းလာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဒေသတွင်းမှာ နေရာအနှံ့ ပြည်သူတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးကာ သိမ်းဆည်းပြီးနောက် နိုင်ငံတော်ကို အပ်နှံခြင်းမပြုဘဲ သူတို့ရဲ့ ကိုယ်ကျိုးအတွက် အ သုံးပြုလာတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို…

ရွေးကောက်ပွဲကို သတင်းမီဒီယာတွေကူညီပေးဖို့ စစ်ကောင်စီရွေးကော်ပြော

နေပြည်တော် ၊ ဇွန် ၂၆ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာကနေတဆင့် ကော်မရှင်ရဲ့ လုပ်ဆောင် ချက်တွေကို လူထုတွေ မှန်မှန်ကန်ကန်သိရှိနိုင်အောင် ပူးပေါင်းကူညီပေးစေလိုတယ်လို့ စစ်ကောင် စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ ဖွဲ့စည်းရပ်တည်နေတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဇွန် ၂၄ ရက်နေ့မှာ နှစ်ဘက် ဥက္ကဋ္ဌတွေ အဖွဲ့ဝင်တွေနဲ့…

ရေးမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရေး၊ ဇွန် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာမှာ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စံပြကျေးရွာနေ အသက် ၅၀ အရွယ် ဦးအညာဆိုသူကို သေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအညာဟာ ဦးခေါင်းနဲ့…

မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီ ဘာတွေ ကျူးလွန်နေလဲ။

“စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ဖို့အနေအထား ရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကို သဘောမတူတဲ့ အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။ နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” – နိုင်မရော့မွန် (SBHN ပြောခွင့်ရ) မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတခွင်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ…

ရာမညမွန်တပ်တော်ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲမှာ တပ်သားတွေကို လက်နက်တပ်ဆင်

ရေး၊ ဇွန် ၂၅ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ၊ ရာမညမွန်တပ်တော်ကနေ ဖွင့်လှစ်တဲ့ အပတ်စဉ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ဇွန် ၂၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခမ်းအနားမှာ တော်လှန်‌ရေးခေါင်းဆောင်တွေ မွန်သံဃာတော်တွေ မျိုးချစ်တွေ အရပ်သားပြည်သူတွေ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ AD နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌနဲ့…

ပုလောမှာ စစ်မှုထမ်း သင်တန်းတက်နေတဲ့ တပ်သား လေးဦး PDF ထံ ထွက်ပြေးခိုလှုံ

ပုလော၊ ဇွန် ၂၅ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို-၁၂) မှာ စစ်မှုထမ်းသင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦး ထွက်ပြေးခိုလှုံလာတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦးဟာ ပြီးခဲ့တဲ့…

အမေရိကန် တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယား စီမံကိန်း လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားဖွယ် ရှိ

ဝါရှင်တန်၊ ဇွန် ၂၅ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန် တိုက်ခိုက်မှုက တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းကို လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားစေလိမ့်မယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုက ဖော်ပြထားကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားထားပါတယ်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ ၁၈…

ဘွမ်ဂျိုင်ထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်မယ်

ဘန်ကောက်၊ ဇွန် ၂၅ ထိုင်းနိုင်ငံရဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်က နုတ်ထွက်သွားတဲ့ ဒုတိယအကြီးမားဆုံး ဘွမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို အယုံ အကြည်မရှိကြောင်း လွှတ်တော်မှာ အဆို တင်သွင်းသွားမယ်လို့ ဇွန် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ပြင်းထန်လာနေတဲ့ နယ်စပ်ပြဿနာကို ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး…