တယ်လ်အဗစ်၊ ဇွန် ၁၇
အစ္စရေးနဲ့အီရန်တို့ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် အစ္စရေးရှိ တရုတ်နိုင်ငံသားတွေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တယ်လ်အဗစ်မြို့ရှိ တရုတ်သံရုံးက ဇွန် ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးရှိ တရုတ်နိုင်ငံသားတွေအနေနဲ့ ကုန်လမ်းထွက်ပေါက်တွေကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ တရုတ်သံရုံးက WeChat မှာ ကြေညာပါတယ်။

ဂျော်ဒန်နိုင်ငံဖက်ကို ထွက်ခွာကြဖို့လည်း သံရုံးက အကြံပေးထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အီရန်နိုင်ငံတဝန်းရှိ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ပြီး တီဟီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရေး လက်ဦးမှုယူပြီး တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်နဲ့ လက်ရှိ ပြုလုပ်နေတဲ့ ဆွေးနွေးမှုများ လမ်းလွဲသွားခဲ့ရပြီးနောက် အီရန်ကို ဆွေးနွေးရေး စားပွဲဆီ ချက်ချင်း ပြန်လာဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တိုက်တွန်းထားပါတယ်။
နှစ်နိုင်ငံကြား ပဋိပက္ခ ပိုမို ကျယ်ပြန့်လာနိုင်တယ်လို့ အစ္စရေးရှိ တရုတ် သံရုံးက ဇွန်၁၇ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သူတို့ရဲ့ စစ်ရေး စွမ်းပကားတွေကို တိုးမြှင့်ထားပြီး ယီမင်နိုင်ငံရှိ အီရန် မဟာမိတ် ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။
ဟူသီအဖွဲ့ကလည်း အီရန်နဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့အနေနဲ့ စစ်ပွဲကို ထပ်မကြီးလာစေချင်ပေမယ့် ကိုယ်ကိုယ်ကိုယ် ဆက်လက် ခုခံကာကွယ်သွားမယ်လို့ ပြောထားပါတယ်။
Ref:AFP