ပျက်ရင်း တည်ဆောက်နေတဲ့ စစ်တပ် တဖန်ခေါင်းထောင်လာနေပြီလား
နေပြည်တော် ၊ ဇွန် ၁၅ စစ်အာဏာရှင်စနစ် လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဦးကျိုးပျက်စီးခဲ့တဲ့ စစ်တပ်ဟာပျက်ရင်း တည်ဆောက်လာနေတယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နည်းပေါင်းစုံနဲ့ လူငယ်လူရွယ်တွေကို တပ်သားအဖြစ် စုဆောင်းလိုက်တဲ့အခါ အင်အားသောင်းနဲ့ချီ ရရှိလာပြီး တန်ပြန်ထိုးစစ်အတွက် စစ်တပ်ဟာ ခေါင်းထောင်ဖို့ ကြိုးပမ်းလာပါတယ်။ အင်အားလိုအပ်ချက်အရ ဖြည့်တင်းထားတဲ့…