ဝါရှင်တန်၊ ဇွန် ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ အတွက် မြို့တော် ဝါရှင်တန်မှာ သံချပ်ကာကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင် ထောင်ချီ ပါဝင်တဲ့ ကြီးမားတဲ့ စစ်ရေးပြပွဲ ကျင်းပရေး အိပ်မက်ဟာ ဇွန် ၁၄ ရက်မှာ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ် တည်ထောင်မှု နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်နေ့ အတွက် အဲဒီ စစ်ရေး ပြပွဲကို ဒေါ်လာ ၄၅ သန်း ကုန်ကျခံပြီး ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာ ကမ္ဘာမြေပေါ်မှာ လျှောက်လှမ်းနေတဲ့ အကြီးကျယ်ဆုံး တိုက်ခိုက်ရေး အင်အားစု ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ စစ်ရေးပြပွဲက စစ်တပ်အတွက် ဂုဏ်ပြုတယ်ဆိုတာထက် ထရန့်အတွက် ပိုများနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားရာ လော့စ်အန်ဂျယ်လိစ်သို့ အမျိုးသားကာကွယ်ရေးအစောင့် တပ်ဖွဲ့တွေနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေ စေလွှတ်ထားမှု အပါအဝင် ထရန့်ရဲ့ အာဏာရှင် ပိုဆန်လာမှုကို ဇွန် ၁၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးပြပွဲက ပြသနေပါတယ်။

ဘုရင်တွေ မရှိစေရဆိုတဲ့ နန်းတော်စနစ်နဲ့ အာဏာရှင်ကို ဆန့်ကျင်မယ့် ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံတဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဆန္ဒပြသူတွေက စစ်ရေးပြပွဲကို နှောင့်ယှက်ဖို့ ကြိုးပမ်းမယ်ဆိုရင် ပိုကြီးမားတဲ့ အင်အားကို ပြသဖို့ ထရန့်က တိုက်တွန်းထားပါတယ်။

ဒီစစ်ရေးပြပွဲဟာ ပထမပင်လယ်ကွေ့ စစ်ပွဲပြီးနောက် ၁၉၉၁ ခုနှစ်နောက်ပိုင်း ဝါရှင်တန်မှာ ပြုလုပ်တဲ့ အကြီးမားဆုံး စစ်ရေးပြပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဝါရှင်တန်ရှိ အထင်ကရနေရာတွေဆီ စစ်သား ၇၀၀၀ ကျော်က ချီတက် သွားမှာ ဖြစ်ပါတယ်။

ထရန့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာပဲ စစ်ရေးပြပွဲတွေကို သဘောကျကြောင်း ဖော်ပြခဲ့ပြီး ပါရီမှာ ကျင်းပတဲ့ ပြင်သစ် စစ်ရေးပြပွဲသို့ တက်ရောက်ခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.