ဂူဝါဟတီ၊ ဇွန် ၁၁
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေလို့ ထင်မှတ်ရသူတွေကို အိန္ဒိယက အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ စတင်နှင်လွှတ်နေပြီ ဖြစ်ပါတယ်။
အိန္ဒိယအာဏာပိုင်တွေက လူတွေကို နိုင်ငံထဲကနေ တဖက်သတ် နှင်ထုတ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ် အာဏာပိုင်တွေက နှစ်များစွာ အတွင်း နိုင်ငံခြားသားလို့ ကြေညာထားတဲ့ လူမျိုး အမျိုးမျိုး ပါဝင်နေသူ ၃၀၀၀၀ ထဲက မေလနောက်ပိုင်း ၃၀၃ ဦးကို ဘင်္ဂလားဒေ့ချ်သို့ နှင်ထုတ်ခဲ့ပါတယ်။
အာသံပြည်နယ်မှာ အဲဒီလို လူတွေဟာ မိသားစုနဲ့ အတည်တကျ နေလာတာ ကြာပြီ ဖြစ်ပြီး မြေပိုင်အိမ်ပိုင်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ မွတ်စလင် အများစု နေထိုင်တဲ့ ဘင်္ဂလားဒေ့ချ် ဇာတိ လူမျိုးတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်။

ဟိန္ဒူ အများစု နေထိုင်တဲ့ အိန္ဒိယမှာ အဲဒီလူမျိုးတွေဟာ နိုင်ငံခြားသားတွေအဖြစ် မှားယွင်း အတည်ပြုခံနေရပြီး သူတို့အနေနဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို စိန်ခေါ်ဖို့ ငွေကြေးအင်အား မရှိသူတွေ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အိန္ဒိယကနေ နှင်ထုတ်ခံရသူတွေထဲမှာ မွတ်စလင် အများစု ပါဝင်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေကြပေမယ့် အာသံ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက် မပေးပါဘူး။
နိုင်ငံတော်တရားရုံးက နိုင်ငံခြားသားတွေကို နှင်ထုတ်ဖို့ ဖိအားပေးနေတာကြောင့် လက်ရှိ လူ ၃၀၃ ဦး နှင်ထုတ်ပြီးနောက် နောက်ထပ် အရှိန်မြှင့်တင်မှာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဒီလို မိမိတို့နိုင်ငံထဲ လူတွေ နှင်လွှတ်နေမှုနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Ref:Reuters