လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၁၁

ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း လုယက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လော့စ်အန်ဂျယ်လိစ် မြို့လယ်ခေါင် ဒေသတွေမှာ မြို့တော်ဝန် ကာရင် ဘတ်စ်က ညမထွက်ရ အမိန့် ကြေညာလိုက်ပါတယ်။

တက္ကဆက်ပြည်နယ်မှာ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေ မတိုင်ခင် အုပ်ချုပ်ရးမှူးက အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေကို ချထားလိုက်ပါတယ်။

ဒီအတောအတွင်း ဆန္ဒပြပွဲတွေဟာ အမေရိကန်ရဲ့ တခြားမြို့တွေ အထိ ပြန့်နှံ့သွားပြီး နယူးယောက်မှာ ဖမ်းဆီးခံရသူတွေ အများကြီး ရှိပါတယ်။

ရုပ်သံက ထုတ်လွှင့်တဲ့ မိန့်ခွန်းတစ်ရပ်မှာ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗီ နယူဆွန်က လော့စ်အန်ဂျယ်လိစ်မှာ ဒေါ်နယ်ထရန့်ကြောင့် အခြေအနေ ပိုဆိုးလာခဲ့ရတယ်လို့ ပြောပါတယ်။

လော့စ်အန်ဂျယ်လိစ်မှာ ညမထွက်ရအမိန့် အသက်ဝင်ပြီးနောက် မြို့ထဲမှာ လူတွေ တော်တော်များများ ဆက်ရှိနေခဲ့ပြီး မတော်တဆ အပြင်ထွက်မိတာလား ညမထွက်ရ အမိန့်ကို အာခံတာလားဆိုတာတော့ မသိရပါဘူး။

လော့စ်အန်ဂျယ်လိစ်သို့ တပ်ဖွဲ့ဝင် အင်အား နှစ်ဆတိုးချထားလိုက်ပြီးနောက် ထရန့်က ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းမှုနဲ့ ဥပဒေစိုးမိုးမှုကို တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

လော့စ်အန်ဂျယ်လိစ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို စီနင်းမှုအပေါ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နယူးယောက်နဲ့ တခြားမြို့တွေအထိ ပြန့်နှံ့သွားပြီ ဖြစ်ပါတယ်။

နယူးယောက်မှာ ဆန္ဒပြပွဲ အများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပေမယ့် လူအများ ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လော့စ်အန်ဂျယ်လိစ်မှာ ရဲတပ်ဖွဲ့က တစ်လမ်းချင်း ရှင်းလင်းနေပြီး ရာဘာကျည်တွေ မကြာခဏ ပစ်ခတ်နေပါတယ်။

ညမထွက်ရ အမိန့် ထုတ်ထားတဲ့ နေရာတွေမှာ မီဒီယာသမားတွေကလွဲပြီး ဘယ်သူ့ကို မဆို မိမိတို့ ဖမ်းဆီးလို့ ရတယ်လို့ လော့စ်အန်ဂျယ်လိစ် ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.