June 9, 2025

စစ်အာဏာသိမ်း (၁၅၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၀ AAPP ရဲ့ ဇွန်၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၁) ရက်အတွင်း ပြည်သူ (၆၇၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တရုတ်ရဲ့ ရပ်တည်ထောက်ခံပေးမှု စစ်ခေါင်းဆောင်ကျေးဇူးတင်

နေပြည်တော် ၊ ဇွန် ၁၀ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးနေမှုကို ကျေးဇူးတင်တယ်လို့ စစ်‌ကောင်စီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန် ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူ ထောင်မှု ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့…

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု စစ်ကောင်စီဝန်ထမ်းတွေရဲ့ ငွေရပေါက်ကြီးဖြစ်လာ

မော်လမြိုင် ၊ ဇွန် ၁၀ မွန်ပြည်နယ်က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုမှာ စစ်ကောင်စီဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုကြီး ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး သူတို့အတွက် ငွေရပေါက်ကြီး ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစလို့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ အကြီးအကျယ် ဖမ်းဆီးနေပြီး လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရာမှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊…

ကော့ကရိတ်နဲ့ကျုံဒိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဇွန် ၁၀ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ကျုံဒိုးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား တချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၆ ရက်နေ့ကစလို့ ကျုံဒိုးမြို့ပြင်နားမှာ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး…

ကျိုက်ထိုမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

ကျိုက်ထို၊ ဇွန် ၁၀ မွန်ပြည်နယ် ကျိုက်ထိုမြို့မရဲစခန်းက ဒုရဲအုပ်ဝင်းကြိုင်ဟာ မိမိကိုယ်ကို သေနတ်နဲ့ပစ်ခတ်ပြီး အ ဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုရဲအုပ်ဝင်းကြိုင်ဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းမှာ တစ်ယောက်တည်းရှိနေချိန် သူကိုယ်သူ သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။ ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ…

ကမ္ဘောဒီးယားသို့ ပြေးဆွဲနေတဲ့ ဘတ်စ်ကားဝန်ဆောင်မှု ထိုင်း ရပ်ဆိုင်း

ဘန်ကောက်၊ ဇွန် ၉ ဘန်ကောက်မြို့နဲ့ ဖနွမ်းပင်၊ ဆီယမ်ရိဒ်မြို့တို့ကြား ထိုင်းအစိုးရပိုင် Transport ကုမ္ပဏီ ပြေးဆွဲနေတဲ့ ဘတ်စ်ကား ဝန်ဆောင်မှုကို ဇွန် ၈ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ ခရီးသွားဘတ်စ်ကားတွေကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က မဖြတ်သန်းရဘူးလို့ တားမြစ်ထားတာကြောင့် ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ အစိုးရပိုင်လုပ်ငန်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။ ဘန်ကောက်-ဆီယမ်ရိဒ်လမ်းကြောင်းဟာ ၄၁၉…

ပုလောမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး PDF ထံ အလင်းဝင်

ပုလော၊ ဇွန် ၉ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်းတပ်သား တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သား ကိုနေဇော်အောင် ဖြစ်ပါတယ်။ ကိုနေဇော်အောင်ဟာ အလင်းဝင်လာတဲ့အချိန် MA…

ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုကြောင့် လော့စ်အန်ဂျယ်လိစ်မြို့မှာ မငြိမ်သက်မှု အရှိန်မြင့်လာ

လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၉ ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြသူတွေက ဥပဒေထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေကို ထိပ်တိုက်ရင်ဆိုင်နေချိန် ဆန္ဒပြပွဲ တတိယမြောက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အန်ဂျယ်လိစ်မြို့ မြို့လယ်ခေါင်ရှိ ကားတွေ မီးရှို့ခံခဲ့ရပါတယ်။ သမ္မတ ဒေါ်နယ်ထရန့် ချထားတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲဖို့ ကြိုးပမ်းတာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ထိခိုက် ဒဏ်ရာရသူတွေ…

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဂုဏ်ပြု ဆုတောင်းစကား ၈၀၀၀၀ နဲ့ ကမ္ဘာ့စံချိန်တင်ဖို့ သားဖြစ်သူ ကြိုးပမ်း

ဝါရှင်တန်၊ ဇွန် ၉ နိုင်ငံရေး အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်အဲရစ်က သူ့မိခင်ရဲ့ အသက် ၈၀ မြောက် မွေးနေ့ကို ကမ္ဘာတဝန်းကနေ ဂုဏ်ပြုလိုသူတွေဆီက မွေးနေ့ဆုတောင်စကား ၈၀၀၀၀ ကမ္ဘာစံချိန်တင် ရရှိနိုင်ဖို့ စတင်ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံခဲ့ရပြီး ထောင် ၂၇…