သရက်ချောင်း၊ ဇွန် ၈
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ကျောက်အိုင်ရွာကို ဗုံးနှစ်လုံး၊ မယ်ကဲကျေးရွာကို ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
ဗုံးကြဲခံရတာကြောင့် ကျောက်အိုင်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးသန်းအောင်နဲ့ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူတို့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးသန်းအောင်ရဲ့ဇနီးဖြစ်သူနဲ့သားသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ကားတွေလည်း ထိမှန်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲသွားတဲ့ ကျောက်အိုင်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိသလို တော် လှန်ရေးတပ်ဖွဲ့တွေလည်း နေထိုင်တာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ