May 2025

အခြေခံပညာ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်ရင် အရေးယူမယ်လို့ CDF-Asho ထုတ်ပြန်

မကွေး မေ ၁၉ အခြေပညာအဆင့် ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက် နှောင့်ယှက်ရင် အရေးယူမယ်လို့ Chin Defense Force-Asho က မေ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေမှာရှိတဲ့ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက် ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရင် တားမြစ် အရေးယူမယ်လို့…

ဆန်တစ်ခါမှ ဝယ်မစားခဲ့ရဖူးဘူးလို့ ပြောမိတဲ့ ဂျပန် စိုက်ပျိုးရေး ဝန်ကြီး ပြန်တောင်းပန်

တိုကျို၊ မေ ၁၉ ဂျပန်မှာ ပုံမှန်စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့ ဆန်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ထောက်ခံသူတွေ လက်ဆောင်ပေးတာကြောင့် ဆန်တစ်ခါမှ ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုမိလို့ ပြည်သူတွေကို ဒေါသထွက်စေမိခဲ့ပြီးတဲ့နောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီး တာကူ အီတိုက ပြန်လည် တောင်းပန်လိုက်ပါတယ်။ မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ရန်ပုံငွေ ရှာဖွေရေး အခမ်းအနားမှာ…

ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ယူရေနီယံ ဆက်လက် သန့်စင် ထုတ်လုပ်သွားမယ်လို့ အီရန် ပြော

တီဟီရန်၊ မေ ၁၉ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရသည်ဖြစ်စေ မရသည် ဖြစ်စေ ယူရေနီယံ သန့်စင်မှု ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မေ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ကို နျူကလီးယား…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၉ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ မေ ၁၉ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၃၂ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီ ၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ဧပြီလအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ စစ်ကြောင်းထိုးချိန် လူသားဒိုင်းအဖြစ်…

နောင်ချိုမှာ ဒရုန်းဗုံးကြဲချမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ မေ ၁၉ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ…

ရွေးကောက်ပွဲအတွက် မီးစင်ကြည့်ရမယ့်သဘောလို့ နိုင်ငံရေးပါတီတွေပြော

နေပြည်တော် ၊ မေ ၁၈ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်တဲ့အတွက် အချိန်မီ ကြိုတင်ထုတ်ပြန်ပေးမယ်လို့ မေ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတတိယအပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့သာ ကြေညာထားပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလကိုလည်း သတ်မှတ်ထားတာ မရှိသေးပါဘူး။…

ဖာပွန်မြို့နယ်က လယ်မူပလောစစ်တပ်စခန်း ပိတ်ဆို့ဝိုင်းရံခံထားရ

ဖာပွန်၊ မေ ၁၈ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လယ်မူပလောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စခန်းကိုလည်း ပိတ် ဆို့ဝိုင်းရံထားတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထော်မုပလဲ့မဲ(လယ်မူပလော) တပ်စခန်းကို FFD…

တစ်ပတ်အတွင်း ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်းလေးခု သိမ်းပိုက်ခံရ

လှိုင်းဘွဲ၊ မေ ၁၈ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်း လေးခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ မေ ၉ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ တခေါ်ဘီခွီးစစ်စခန်းနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထီးခီးဗျူဟာစခန်းတို့ကို တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် လူငယ် ၁၄၀ နီးပါး စစ်သားစုဆောင်းခံရ

မော်လမြိုင်၊ မေ ၁၈ မွန်ပြည်နယ်မှာ စစ်ကောင်စီဖွင့်လှစ်မယ့် စစ်မှုထမ်းအပတ်စဉ် ၁၃ သင်တန်းအတွက် လူငယ် ၁၄၀ နီးပါး စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို မေ ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေခံသင်တန်းကျောင်းမှာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်တွေ့ဆုံခဲ့တာပါ။ စစ်မှုထမ်း…

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဗာတီကန်မှာ လက်ခံ ကျင်းပပေးမယ်လို့ ပုပ်ရဟန်းမင်းကြီး ကမ်းလှမ်း

ဗာတီကန်စီးတီး မေ ၁၇ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရေး ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ အစ္စတန်ဘူလ် ဆွေးနွေးပွဲ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဗာတီကန် နန်းတော်က လက်ခံ ကျင်းပပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ လိုအပ်လို့ရှိရင် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်ကို…