May 2025

စစ်အာဏာသိမ်း (၁၅၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၀ AAPP ရဲ့ မေ ၁၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၆၉) ရက်အတွင်း ပြည်သူ (၆၆၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဆုံးရှုံးခဲ့ရတဲ့လွတ်လပ်ရေးကို ပြန်တိုက်ယူရေး မွန်ပြည်သူတိုင်း အင်အားဖြည့်ဖို့ NRFF တိုက်တွန်း

ဆုံးရှုံးခဲ့ရတဲ့လွတ်လပ်ရေးကို ပြန်တိုက်ယူရေး မွန်ပြည်သူတိုင်း အင်အားဖြည့်ဖို့ NRFF တိုက်တွန်း မော်လမြိုင် ၊ မေ ၂၀ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်တိုက်ယူဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည် ပြန်လည်တည်ဆောက်နိုင်ရေး မွန်ပြည်သူတိုင်း ကျရာကဏ္ဍတွေမှာ အင်အားဖြည့်တင်းရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က တိုက်တွန်းပါတယ်။ ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ဦးအောင်ဇေယျကြောင့်…

မွန်ပြည်နယ်မှာ ပြင်းထန်ရာသီတုပ်ကွေးရောဂါ အဖြစ်များလာ

မော်လမြိုင် ၊ မေ ၂၀ မွန်ပြည်နယ်တဝန်းမှာ ရာသီတုပ်ကွေးရောဂါ အဖြစ်များနေပြီး ပြင်းထန်မှုတွေ ရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလာပါတယ်။ လက်ရှိအချိန်ဟာ နွေရာသီအကုန် မိုးရာသီအဝင် ကာလဖြစ်တာကြောင့် ပြည်နယ်အတွင်းမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု တစထက်တစ မြင့်တက်လာတာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက် အလွယ်တကူ ကူးစက်နိုင်သလို အနည်းဆုံး…

မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံရာချီ ထိုင်းဘက်ခြမ်းတိမ်းရှောင်နေရ

လှိုင်းဘွဲ၊ မေ ၂၀ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျော်ကေထကျေးရွာရှိ မော်ဖိုးကေစစ်စခန်းသိမ်းတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲ ထွက် ပြေးခိုလှုံလာတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေ ထိုင်းနယ်စပ်အနီးအနားဝန်းကျင်မှာ တည်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ…

ကျိုက်ထိုမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၇၀၀၀ ကျော် ထွက်ပြေးနေရ

ကျိူက်ထို၊ မေ ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင် ရောက်လာမှုနဲ့အတူ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၇၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇…

အခြေခံပညာ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်ရင် အရေးယူမယ်လို့ CDF-Asho ထုတ်ပြန်

မကွေး မေ ၁၉ အခြေပညာအဆင့် ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက် နှောင့်ယှက်ရင် အရေးယူမယ်လို့ Chin Defense Force-Asho က မေ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေမှာရှိတဲ့ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက် ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရင် တားမြစ် အရေးယူမယ်လို့…

ဆန်တစ်ခါမှ ဝယ်မစားခဲ့ရဖူးဘူးလို့ ပြောမိတဲ့ ဂျပန် စိုက်ပျိုးရေး ဝန်ကြီး ပြန်တောင်းပန်

တိုကျို၊ မေ ၁၉ ဂျပန်မှာ ပုံမှန်စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့ ဆန်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ထောက်ခံသူတွေ လက်ဆောင်ပေးတာကြောင့် ဆန်တစ်ခါမှ ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုမိလို့ ပြည်သူတွေကို ဒေါသထွက်စေမိခဲ့ပြီးတဲ့နောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီး တာကူ အီတိုက ပြန်လည် တောင်းပန်လိုက်ပါတယ်။ မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ရန်ပုံငွေ ရှာဖွေရေး အခမ်းအနားမှာ…

ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ယူရေနီယံ ဆက်လက် သန့်စင် ထုတ်လုပ်သွားမယ်လို့ အီရန် ပြော

တီဟီရန်၊ မေ ၁၉ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရသည်ဖြစ်စေ မရသည် ဖြစ်စေ ယူရေနီယံ သန့်စင်မှု ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မေ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ကို နျူကလီးယား…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၉ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ မေ ၁၉ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၃၂ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီ ၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ဧပြီလအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ စစ်ကြောင်းထိုးချိန် လူသားဒိုင်းအဖြစ်…

နောင်ချိုမှာ ဒရုန်းဗုံးကြဲချမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ မေ ၁၉ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ…