May 26, 2025

စစ်အာဏာသိမ်း (၁၅၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၃၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၇ AAPP ရဲ့ မေ ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၆) ရက်အတွင်း ပြည်သူ (၆၇၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်မှာ စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် ငွေကြေးပေးဆောင်နေရ

မော်လမြိုင် ၊ မေ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီက ကျောင်းအပ်နှံတဲ့နေရာမှာ အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် လက်တွေ့မှာတော့ ငွေကြေးပေးဆောင်နေရတယ်လို့ ကျောင်းသားမိဘတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့အတွက်ဆိုကာ တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး သီတင်ပတ်ကို မေ ၂၂ ရက်နေ့ကနေ ဇွန် ၁ ရက်နေ့ထိ…

စစ်ရေးစွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသော မွန်တပ်တော်လိုအပ်နေ

မော်လမြိုင် ၊ မေ ၂၇ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေအနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်မှာ ပေါင်းစည်းရေးအပြင် စစ်ရေးစွမ်းဆောင်နိုင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ မွန်ပြည်သူတွေလိုလားတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက် ရေးမှာ တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရာမညမွန်တပ်တော် RMA ကို မေ ၂၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ရာမညမွန်တပ်တော်မှာ…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် ၇ ဦး ထက်မနည်း သေဆုံး

တနင်္သာရီ၊ မေ ၂၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ အင်အား ၆၀ ဝန်းကျင်eJY တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာကနေ တမုတ်ချုံ ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ မေ…

ရုရှားက ယူကရိန်းကို ကြီးကြီးမားမား တိုက်ခိုက်ခဲ့ပြီးနောက် ပူတင် ရူးသွားပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ မေ ၂၆ စစ်ခင်းနေကြတဲ့ နှစ်နိုင်ငံကြား အကျဉ်းသား အများအပြား လဲလှယ်ထားပြီးချိန်မှာတောင် ရုရှားက ယူကရိန်းကို ဒရုန်းတွေနဲ့ အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင် ရူးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မေ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ရုရှားက မေ ၂၅ ရက်အထိ…

သမ္မတ အာဏာကို ဖွဲ့စည်းပုံနဲ့အညီ ပြောင်းလဲရေး တောင်ကိုရီးယား စီစဉ်

ဆိုးလ်၊ မေ ၂၆ နိုင်ငံရေး ပြဿနာ ကြုံပြီးနောက် ဇွန် ၃ ရက်မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် အချေအတင် ဆွေးနွေးနေတဲ့ ကိစ္စတစ်ခု အဖြစ် သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်လည် ပုံသွင်းရေး ဖွဲ့စည်းပုံနဲ့ အညီ ပြင်ဆင်သွားဖို့ တောင်ကိုရီးယား ပါတီ နှစ်ရပ်လုံးက တောင်းဆိုထား ပါတယ်။ သမ္မတဟောင်း ယောင်ဆွတ်ယိုလ်ရဲ့…

ကျောက်ကြီးမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ ဒေသခံ ၁၂ ဦး သေဆုံး၊ ၃၇ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ မေ ၂၆ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁၂ ဦး သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့ မေ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုင်တာ…

နိုင်ငံတကာ တရားစီရင်ရေးကနေ အပြန်အလှန်အကာအကွယ်ပေးဖို့ စစ်ကောင်စီနဲ့ ရုရှား သဘောတူ

မော်လမြိုင် မေ ၂၆ နိုင်ငံတကာ တရားစီရင်ရေးကို အသုံးချပြီး တရားစီရင်မှုတွေကနေ စစ်ကောင်စီနဲ့ ရုရှားတို့ အပြန်အလှန်အကာအကွယ်ပေးဖို့ သဘောတူစာချုပ်နဲ့ နောက်ဆက်တွဲ စာချုပ်တွေ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မော်စကိုမြို့မှာ ပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဲဒီလို နှစ်နိုင်ငံကြား အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို စစ်ကောင်စီခန့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနဲ့ ရုရှား တရားရေးဝန်ကြီး မစ္စတာ…

မြန်မာ့အရေး တူညီဆန္ဒငါးချက် အခြေခံပြီး ထောက်ခံပေးသွားမယ်လို့ အာဆီယံဝန်ကြီးတွေ ကတိပြု

ကွာလာလမ်ပူ မေ ၂၆ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မေ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ရေး ကိစ္စနဲ့ စပ်လျဉ်းပြီး တိုးချဲ့အလွတ်သဘော ညှိနှိုင်းအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆီ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေကို ဆက်လက်ပေးအပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွ ဖြစ်ပေါ်လာစေရေး…