ဝါရှင်တန်၊ မေ ၂၃

သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကျာ်ပြန့်တဲ့ အခွန် သက်သာစေရေး အသုံးစရိတ် လျှော့ချရေး ဥပဒေကြမ်းကို ရီပက်ဘလေကန်ပါတီ ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေက မေ ၂၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကြမ်းကြောင့် အကြွေးတွေ ခေါင်ခိုက်လာနိုင်ပြီး ကျန်းမာရေး စနစ်ကို ပျက်စီးစေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဒီဥပဒေကြမ်းကို အခုအချိန်မှာ အထက်လွှတ်တော်က အတည်ပြုပြီးရင်တော့ ဥပဒေအနေနဲ့ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေကြောင့် လူလတ်တန်းစားတွေ ထိခိုက် ပျက်စီးရလိမ့်မယ်လို့ ဒီမိုကရက်တွေက ပြောဆိုနေကြတာပါ။

အိမ်ဖြူတော်သို့ ဇန်နဝါရီက ဒုတိယအကြိမ် ပြန်ရာက်လာပြီး နောက်ပိုင်း ထရန့်အပေါ် ထောက်ခံမှုနှုန်း လျော့ကျလာပေမယ့် လွှတ်တော်ကို ရီပက်ဘလေကန်တွေက ကြီးစိုးထားတာကြောင့် သူ့ရဲ့ အစီအစဉ်တွေ ဆက်လက် အကောင်အထည် ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ထရန့်က လွှတ်တော်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပေမယ့် အထက်လွှတ်တော်အထိတော့ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်း သက်ရောက်မှု မရှိပါဘူး။

အထက်လွှတ်တော် အမတ်တွေဟာ ခြောက်နှစ်ကြာမှာ တစ်ကြိမ် ပြန်လည် ရွေးကောက်ပွဲ ဝင်ရတာဖြစ်တဲ့အတွက် သမ္မတရဲ့ ဖိအားကို ဂရုစိုက်စရာ မလိုဘူးလို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းက အမေရိကန် ရာဇဝင်မှာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အသုံးစရိတ်ကို အကြီးမားဆုံး လျှော့ချဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့လည်း အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ဂျက်ဖရီက ပြောပါတယ်။

ဝင်ငွေနည်း အမေရိကန် နိုင်ငံသားတွေအတွက် ကျန်းမာရေး အာမခံကို လျှော့ချမယ့် အဲဒီ ဥပဒေကြောင့် လူ ၈ သန်းလောက် ကျန်းမာရေး အာမခံ ရရှိတော့မှာ မဟုတ်ဘူးလို့ ဝေဖန်သူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.