May 23, 2025

စစ်အာဏာသိမ်း (၁၅၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၄ AAPP ရဲ့ မေ ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၃) ရက်အတွင်း ပြည်သူ (၆၇၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကြွေးကျန်ပြဿနာကြောင့် မွန်ကတောင်သူတွေ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံ

မော်လမြိုင် ၊ မေ ၂၄ မွန်ပြည်နယ်အတွင်းက ချေးငွေရယူထားတဲ့ တောင်သူအနေနဲ့ ကြွေးကျန်ကြေမှ ချေးငွေထုတ်ချေးပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်ကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ တောင်သူတွေအနေနဲ့ အရင် ချေးငွေရဲ့ အတိုးနဲ့အရင်းကို လုံးဝပြန်ဆပ်နိုင်မှသာ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။ လက်ရှိကာလဟာ…

အာဆီယံအနေနဲ့ မြန်မာ့အရေး လုပ်ငန်းစဉ်သစ်တစ်ရပ် အတည်ပြုချမှတ်ဖို့ SAC-M တိုက်တွန်း

မော်လမြိုင် ၊ မေ ၂၄ မြန်မာ့အရေး လုပ်ငန်းစဉ်သစ်တစ်ရပ်ကို အတည်ပြုချမှတ်နိုင်ရေးအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ဦးစီးဦးဆောင်ပြုရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်းပါတယ်။ အသုံးမဝင်တော့တဲ့ အာဆီယံဘုံသဘောတူညီမှု ၅ ချက်ကို စွန့်ပယ်ပြီး မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဦးစားပေးလုပ်…

တနင်္သာရီတိုင်းမှာ စစ်ကောင်စီ ဖြတ်လေးဖြတ်ဗျူဟာ ပိုမိုအသုံးပြုလာ

တနင်္သာရီ၊ မေ ၂၄ တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ စစ်ရေးပြင်းထန်လာတဲ့ တနင်္သာရီတိုင်းအတွင်းရှိ မြို့ နယ်တွေမှာ စစ်ကောင်စီက အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် အပါအဝင် ဖြတ်လေးဖြတ်စနစ်ကို ပိုမိုကျင့်သုံးလာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီနဲ့ ပုလောမြို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခြေခံစားသောက်ကုန်နဲ့…

ကရင်ပြည်နယ် ဝေါ်လေဒေသမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မြဝတီ၊ မေ ၂၄ ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါ်လေဒေသထဲမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ကူပေးနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၁ ရက်နေ့ကစလို့ ထိုင်းနယ်စပ်အနီး မြဝတီမြို့ တောင်ဘက် ဝေါ်လေဒေသထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘလက်ဒို၊ သေဘောဘိုး၊ မော်ခီး၊ ကနဲလေးစခန်းတွေကို…

နျူကလီးယား တည်နေရာတွေကို အစ္စရေးက တိုက်ခိုက်လာရင် အမေရိကန်ကို တာဝန်ခံခိုင်းမယ်လို့ အီရန် ပြော

တီဟီရန်၊ မေ ၂၃ အစ္စရေးက တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက တိုက်ခိုက်လာရင် အမေရိကန်ကို တာဝန်ခံခိုင်းမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက သတိပေး လိုက်ပါတယ်။ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုနဲ့ပတ်သက်လို့ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ပွားနေချိန် အီရန်နဲ့…

ထရန့်ရဲ့ အခွန်လျှော့ချရေး ဥပဒေကြမ်း အမေရိကန် လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ မေ ၂၃ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကျာ်ပြန့်တဲ့ အခွန် သက်သာစေရေး အသုံးစရိတ် လျှော့ချရေး ဥပဒေကြမ်းကို ရီပက်ဘလေကန်ပါတီ ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေက မေ ၂၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကြောင့် အကြွေးတွေ ခေါင်ခိုက်လာနိုင်ပြီး ကျန်းမာရေး စနစ်ကို ပျက်စီးစေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒီဥပဒေကြမ်းကို…

ထားဝယ်တပ်က စစ်ကောင်စီတပ်သား တစ်ဦး PDF ထံ အလင်းဝင်

ထားဝယ်၊ မေ ၂၃ တနင်္သာရီတိုင်း ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ LLPDF က ထုတ်ပြန်ပါတယ်။ ခမရ ၄၀၁ တပ်က အသက် ၃၃ နှစ်အရွယ် တပ်သား ရဲကြီးဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့မှာ သူ့တပ်ရင်းကနေ…

ဟားဗက်တက္ကသိုလ်မှာ နိုင်ငံတကာကျောင်းသားတွေ တက်ရောက်ခွင့် ထရန့်အစိုးရ ပိတ်ပင်

ဝါရှင်တန်၊ မေ ၂၃ အမေရိကန်ရဲ့ သက်တမ်း အရင့်ဆုံး ဟားဗက်တက္ကသိုလ်နဲ့ လိပ်ခဲတည်းလည်း အခြေအနေ အရှိန်မြင့်တက်လာချိန်မှာ နိုင်ငံတကာ ကျောင်းသားတွေ အဲဒီတက္ကသိုလ်မှာ ကျောင်းလျှောက်ထားမှု အဆုံးသတ်ရေး သမ္မတ ဒေါ်နယ် ထရန့် အစိုးရက လုပ်ဆောင်လိုက်ပါတယ်။ ဥပဒေလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် ဟားဗက်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို အစိုးရက ရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြည်ထဲရေးရာ လုံခြုံရေးဝန်ကြီး…

စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ရခိုင်ပြည်နယ် ပြင်ပထွက်ခွာခွင့် AA ပိတ်ပင်

ရခိုင်၊ မေ ၂၃ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်မှုမထမ်းဖို့အတွက် နေရပ်စွန့်ခွာထွက်ခွာဖို့ ကြိုးစားနေကြတဲ့ ဒေသနေပြည်သူတွေကို တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက် ပြည်မ၊ ပြည်ပကို ထွက်ခွာခွင့် မပြုတော့ဘူးလို့ အာရက္ခတပ်တော် AA က မေ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် NDEP ကို ပြီးခဲ့တဲ့ မတ် ၁၈…