ရေး၊ မေ ၁၁

မွန်ပြည်နယ် ရေးမြို့နယ် ကူးတို့ဆိပ်နဲ့ ကားဆိပ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

မေ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အင်အား ၈၀ ကျော်နဲ့ လမိုင်းမြို့ကနေတဆင့် ကူးတို့ဆိပ်ကျေးရွာကို ကားနဲ့ဆင်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကူးတို့ဆိပ်ကျေးရွာကနေ ကားဆိပ်ကျေးရွာကို လှေနဲ့အကူးမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လမိုင်းမြို့ဆေးရုံထံ ပြန်လည်သယ်ဆောင်လာပြီး ဆေးရုံပတ်ဝန်းကျင်မှာလည်း လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ နှစ်ကရင်ကျေးရွာနဲ့ ကားဆိပ်ကျေးရွာအနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတချို့ တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ စစ်ကောင်စီစစ်ကြောင်းဟာ နယ်မြေရှင်းလင်းခေါင်းစဉ်နဲ့ လုံခြုံရေးလှည့် လည်စဉ် အလစ်ငိုက်တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် မေ ၂ ရက်နေ့ကလည်း ကူးတို့ဆိပ်ကျေးရွာအနီး ကုလားဂုတ်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး နှစ်ဦးကို တော် လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းမိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.