မော်စကို၊ မေ ၉

အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိထိရောက်ရောက် တားဆီးရေးနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို နောက်တစ်ဆင့် တိုးမြှင့်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မေ ၈ ရက်က ကတိပြုခဲ့ကြပြီး မိမိတို့နှစ် နိုင်ငံအနေနဲ့ သံမဏိမိတ်ဆွေတွေလို ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

ကရင်မလင် နန်းတော် ဆွေးနွေးမှုအတွင်း အမေရိကန် ကြီးစိုးမှု မရှိတော့တဲ့ ကမ္ဘာကြီးရဲ့ အခြေအနေအသစ်ကို ကာကွယ်သူတွေအဖြစ် သူတို့ကိုယ် သူတို့ ညွှန်းဆိုခဲ့ကြပါတယ်။

စစ်ရေးဆက်ဆံရေး အပါအဝင် ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ နိုင်ငံခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြတာပါ။

ယူကရိန်း စစ်ပွဲဟာ စတင်ဖြစ်ပွားရတဲ့ အရင်းအမြစ်တွေကို ဖော်ထုတ် ရှင်းလင်းပစ်မှပဲ ပြေလည်နိုင်မှာ ဖြစ်တယ်လို့ တရုတ်နဲ့ ရုရှား ခေါင်းဆောင်တို့က ပြောပါတယ်။

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်တဲ့ အကြောင်းရင်းကြောင့် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ရတာ ဖြစ်တယ်လို့ မော်စကိုက မကြာခဏ ပြောဆိုထားတာပါ။

မေ ၈ ရက်မှာ ကျရောက်တဲ့ ဒုတိယကမ္ဘာစစ် အဆုံးသတ်မှု နှစ် ၈၀ ပြည့် အခမ်းအနားအတွက် ကရင်မလင် နန်းတော်ကို ရောက်ရှိလာကြတဲ့ ကမ္ဘာ့ခေါင်းဆောင် နှစ်ဒါဇင်ကျော်ထဲမှာ ရှီကျင့်ဖျင်ဟာ အားအကောင်းဆုံး ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းပြီး တစ်ဖက်သတ် လုပ်ဆောင်မှုတွေ၊အနိုင်ကျင့်မှုတွေကို တားဆီးသွားမယ်လို့လည်း ပူတင်နဲ့ ရှီကျင့်ဖျင်တို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.