ပဲခူး-မွန်အစပ်တိုက်ပွဲကြောင့် သိမ်ဇရပ်မြို့ကို ဒေသခံထောင်နဲ့ချီစစ်ရှောင်
သိမ်ဇရပ် ၊ ဧပြီ ၃၀ ပဲခူးတိုင်းနဲ့မွန်ပြည်နယ်အစပ်ဖြစ်တဲ့ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သိမ်ဇရပ်မြို့ထံ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်လာကြတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကစလို့ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက် ကြီးနဲ့…