ဘေဂျင်း၊ ဧပြီ ၂၆

အမေရိကန် ပြဌာန်းထားတဲ့ အခွန်အတုပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေဘက်က ရပ်တည်မှာ ဖြစ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

ကာဇက်စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တရုတ်- ဗဟိုအာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ ဝန်ကြီး ဝမ်ယိက အခွန်တွေနဲ့ ပတ်သက်လို့ ဘေဂျင်းအနေနဲ့ တခြားနိုင်ငံတွေနဲ့ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ပြီး နိုင်ငံအချို့ရဲ့ အနိုင်ကျင့်မှုနဲ့ ပြင်းထန်တဲ့ အတ္တဝါဒ မြင်သာလာအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကုန်သွယ်မှုနဲ့ပတ်သက်လို့ တရုတ်နဲ့ မိမိတို့ ဆွေးနွေးနေကြောင်း ထရန့်က ပြောထားပေမယ့် ဘေဂျင်းက ဆွေးနွေးမှု မရှိဘူးလို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကုန်သွယ်ရေးနဲ့ပတ်သက်လို့ မိမိကို ဆက်သွယ် ဆွေးနွေးလာခဲ့တယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

ဘေဂျင်းအနေနဲ့ တခြား နိုင်ငံတွေနဲ့ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ပြီး ကမ္ဘာကြီး တည်ငြိမ်စေရေး နိုင်ငံစုံ ပါဝင်မှုကို ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

သမ္မတ ထရန့်က အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေ အပါအဝင် နိုင်ငံအများကို အခွန်တိုးကောက်ပြီး ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ အခွန်တွေကြောင့် ကမ္ဘာတဝန်းမှာ စျေးကွက်တွေကမောက်ကမ ဖြစ်သွားခဲ့ပြီး စားသုံးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ် နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.