မော်စကို၊ ဧပြီ ၂၅
မော်စကိုမှာ ကျင်းပတဲ့ နှစ် ၈၀ မြောက် အောင်နိုင်ရေးပွဲ၊ စစ်ရေးပြပွဲအတွက် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားဆီက ဒရုန်းတွေဝယ်ယူဖို့အတွက်လည်း အဲဒီကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပေးထားကြောင်း သတင်းရင်းမြစ်တွေက ဒီဗီဗွီသတင်းဌာနသို့ ပြောကြားထားတာပါ။

ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မိုးဆက်အောင်ဟာ ပြီးခဲ့တဲ့လက ရုရှားဆီက ဒရုန်းအစီးရေ ၁၀၀ ဝယ်ယူခဲ့သူ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီက သူတို့ လက်လွှတ်ထားရတဲ့ နေရာတိုင်းလိုလိုမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာပါ။
စစ်ကောင်စီဟာ ပြီးခဲ့နှစ်ကတည်းက ဒရုန်းတွေ အသုံးပြုရေးစတင်ပြီး နည်းပညာရယူလာတာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

တိုက်ပွဲတိုင်းလိုလိုမှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီမှာ လေကြောင်းတိုက်ခိုက်ရေးတစ်ခုပဲ အားသာချက်ရှိနေပြီး တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအပြီးမှာ ဒရုန်းနဲ့ ကင်းထောက်မှုလို၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုလိုမျိုးတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းကို ဗဟိုပြုတဲ့ ကြီးကြီးမားမား ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မှာတောင် တော်လှန်ရေးတပ်တွေက အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ ကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
Ref:DVB