ဘန်ကောက်၊ ဧပြီ ၂၃
အရေးကြီးတဲ့ ကိစ္စရပ်တွေ ပြန်လည် သုံးသပ်ဖို့ ထိုင်းအစိုးရကို အမေရိကန်က တောင်းဆိုထားတာကြောင့် အခွန်မြင့်တက်လာမှုနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားတယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဧပြီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အရင်က ဧပြီ ၂၃ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး နောက်ထပ် တွေ့ဆုံမယ့်ရက်ကို စီစဉ်ထားပြီး ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစီအစဉ်တွေကြောင့် အများဆုံး ထိခိုက်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။
အမေရိကန်နဲ့ညိုနှိုင်းမှုတွေဟာ နှစ်နိုင်ငံ အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ ဖြစ်သင့်ပြီး မိမိတို့အနေနဲ့ စိုက်ပျိုးရေး အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က ပြောပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းရဲ့ ကုန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး စုစုပေါင်းပို့ကုန်ရဲ့ ၁၈ ဒသမ ၃ ရာခိုင်နှုန်း ဒေါ်လာ ၅၄ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိပါတယ်။

ထိုင်းနဲ့ကုန်သွယ်ရေး လိုငွေပြမှု တန်ဖိုး ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံရှိတယ်လို့ ဝါရှင်တန်က ဖော်ပြပါတယ်။
အမေရိကန်နဲ့ညိုနှိုင်းမှုတွေဟာ နှစ်နိုင်ငံ အကျိုးရှိတဲ့ ညိုနှိုင်းမှုတွေ ဖြစ်သင့်ပြီး မိမိတို့အနေနဲ့ စိုက်ပျိုးရေး အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က ပြောပါတယ်။
ပထမသုံးလပတ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး တစ်နှစ်လုံး ပို့နိုင်မယ်လို့ မှန်းထားတဲ့ မက်ထရစ်တန် ၇ ဒသမ ၅ သန်းထက် အများကြီး လျော့နည်းနိုင်ကြောင်း ထိုင်းဆန်စပါး အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။
Ref:Reuters