တနင်္သာရီ၊ ဧပြီ ၂၃

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာပါ။

သေဆုံးသူတွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်း ရှောင်နေရပြီး အများစု လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်မှာ အရပ်သားပြည်သူ ၈ ဦးအထိ သေဆုံးခဲ့တယ်လို့ FE 5 Thaninthatyi ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ပြောပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် ပုလောမြို့နယ် ပျူစောထီးခေါင်းဆောင်တစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သူဦးရေ ၃၃၄ ဦး ထက်မနည်းရှိခဲ့ပြီး ၆၃ ဦး ပြန်လွတ်လာခဲ့တယ်လို့ တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အ ပြစ်မဲ့ အရပ်သားပြည်သူ ၇၂၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ FE 5 Thaninthatyi က အစီခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.